မန်ချက်စတာ ယူနိုက်တက်က အိမ်ကွင်းမှာ စပါးကို အနိုင်ယူနိုင်မလား အလန်ရှီးယားကြီး ပွဲကြို သုံးသပ်

မန်ချက်စတာ ယူနိုက်တက်က ဒီတပတ် ပရီးမီးယားလိဂ်မှာ တော့တင်ဟမ် စပါးအသင်းနဲ့ တွေ့နေပြီး အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားရမှာပါ။

နယူးကာဆယ်နဲ့ ပရီးမီးယားလိဂ် ဂန္တဝင် တိုက်စစ်မှုးဟောင်းကြီး အလန်ရှီးယား က ယူနိုက်တက်နဲ့ စပါးတို့ ပွဲအတွက် ကြိုတင် သုံးသပ်လာရာ ဒီပွဲ သရေ တစ်မှတ် ခွဲယူကြမယ် လို့ ဆိုထားပါတယ်။

အလန်ရှီးယားက ” ဒီပွဲက ထိပ်ဆုံး ၄ သင်း ဝင်ခွင့်အတွက် အရေးပါတဲ့ ပွဲ ပါ။ နှစ်သင်းလုံးက သူတို့ ဆန္ဒရှိသလို အကောင်းဆုံး စတင်မှုတွေ မလုပ်ထားနိုင်ပါဘူး။

ဒီပွဲ ဘယ်လိုရလဒ် ထွက်ပေါ်မလဲဆိုတာ မှန်းဆရ ခက်ခဲပါတယ်။ နှစ်သင်းလုံး ပုံစံကောင်းမှာ ရှိမနေပါဘူး။ နှစ်သင်းလုံး ကြိုက်မှာမဟုတ်တဲ့ ရလဒ်ဆိုပေမယ့် သရေကျသွားမယ် ထင်ပါတယ်။

တန်ဟက်က ရက်ဖိုဒ့်ကို လူစာရင်းက ထုတ်ထားတယ်၊ အဲ့နောက် နေရာပြန်ပေးတယ်၊ ဂိုးတွေသွင်းတယ်။ ဟော နောက်တစ်ခါ ပြန်ဖယ်ထုတ်ထားတယ်။ သူ့ လုပ်ရပ်တွေက ထူးဆန်းပါတယ်။ ရက်ဖို့ဒ် ခြေစွမ်းပြန်ကောင်းလာရင် သူက ယူနိုက်တက်အတွက် အရေးပါလာမှာ သေချာပါတယ်။

စပါးမှာလည်း ယူနိုက်တက်ကို နာကျင်စေမယ့် ကစားသမားတွေ ရှိပါတယ်။ မက်ဒီဆန်ကလည်း ကစားသမားကောင်းဖြစ်ပါတယ်။

စပါးတို့ အခွင့်အရေးကောင်းတွေ ယူနိုင်မယ်ဆိုရင် ယူနိုက်တက်ကို ခက်ခဲစေပါလိမ့်မယ်။ ကျနော်ကတော့ ဒီပွဲ သရေကျသွားမယ် မြင်ပါတယ်။ ” လို့ သုံးသပ် ခန့်မှန်းထားပါတယ်။

ပွဲကတော့ လာမယ့် တနင်္ဂနွေနေ့ ည ၁ဝ နာရီ အချိန်မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။