ခရစ်ဆက်တန် ရဲ့ မန်ယူ – စပါး ပွဲကြို သုံးသပ် ခန့်မှန်းချက် ထွက်လာပါပြီ
မန်ချက်စတာ ယူနိုက်တက်က မနက်ဖြန်ညမှာ ပရီးမီးယားလိဂ် ပွဲ အဖြစ် တော့တင်ဟမ် စပါးအသင်းနဲ့ တွေ့နေပြီး အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားရမှာပါ။ ပွဲကတော့ မနက်ဖြန် တနင်္ဂနွေနေ့ ည ၁ဝ နာရီ အချိန်မှာ ဖြစ်ပါတယ်။
ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန် က ယူနိုက်တက်နဲ့ စပါးတို့ ပွဲအတွက် ကြိုတင် သုံးသပ် ခန့်မှန်းထားပါတယ်။
ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်
ပထမဆုံး တွေးမိတာတော့ ယူနိုက်တက် နိုင်မှာပါ။ သေချာလေး ပြန်တွေးကြည့်တော့ နိုင်မယ်လို့ သိပ်မသေချာဘူး။ ယူနိုက်တက်က ယူရိုပါလိဂ်မှာ သရေကျခဲ့ပြီး စွမ်းဆောင်ရည်ပိုင်းက အားရစရာ မရှိပါဘူး။
စပါးအသင်းကလည်း အဆုံးသတ်ပိုင်း ပိုကောင်းနေဖို့ လိုနေပါတယ်။ ကျနော် အတွေးထဲမှာတော့ ယူနိုက်တက် နိုင်မယ်ပဲ ထင်ပါတယ်။ ဘာကြောင့်လဲ ရှင်းပြပါမယ်။
ယူနိုက်တက်က စပါးကို တစ်ဦးချင်းတွေမှာ အနိုင်မယူနိုင်ပေမယ့် ပြိုင်ဘက်ရဲ့ ကစားဟန်က တန်ဟက်ရဲ့ စနစ်အတွက် အဆင်ပြေပါတယ်။ ဒီလိုပွဲမှာ တန်ဟက်ရဲ့ ကောင်တာ-တိုက်စစ်က ကောင်းကောင်းကြီး အလုပ်ဖြစ်နိုင်ပါတယ်။
ယူနိုက်တက်က စပါးကို နိုင်သွားမယ်လို့ အပြည့်အဝ ယုံကြည်မှု ရှိနေတာတော့ မဟုတ်ပါဘူး။ ကျနော် အစိုးရိမ်ဆုံး အပိုင်းက ယူနိုက်တက်ရဲ့ ကွင်းလယ်ပိုင်းပါပဲ။ အဲရစ်ဆန်က ကစားသမားကောင်းဆိုပေမယ့် ကျနေပါပြီ။
ခရစ်ဆက်တန် ခန့်မှန်းရလဒ်
မန်ချက်စတာ ယူနိုက်တက် ၂-၁ တော့တင်ဟမ် စပါး ဖြစ်ပါတယ်။