စာချုပ်သစ် တိုးတော့မယ့် ကြယ်ပွင့် ၂ဦး၊ ဟားခံနေရတဲ့ တန်ဟက်၊ ချီးကျူးနေတဲ့ စပါးနည်းပြနဲ့ နောက်ဆုံးရ မန်ယူ သတင်းတိုများ
မန်ချက်စတာယူနိုက်တက်ဟာ ကိုဘီမိုင်နူးကို လုပ်ခ လေးဆထိ များစွာ တိုးမြှင့်ပြီး စာချုပ်သစ် ချုပ်ဆိုလာတော့မှာ ဖြစ်ကြောင်း သိရပါတယ်။
မိုင်နူးအပြင် ခြေစွမ်းပြကစားနေတဲ့ တောင်ပံကစားသမား အာမက်ဒီရယ်လိုကိုလည်း စာချုပ်သစ်ချုပ်ဆိုရေး အသင်း တာဝန်ရှိသူတွေက လုပ်ဆောင်နေပါတယ်။
အသက် ၂၂ နှစ်ရှိ ကစားသမားဟာ ယူနိုက်တက်နှင့် ၁၂ လ စာချုပ်သက်တမ်းသာ ကျန်တော့သူ ဖြစ်ပြီး စာချုပ်အတွင်းမှာ ၁၂ လ သက်တမ်းတိုးနိုင်မဲ့အချက်လည်း ပါဝင်ပါတယ်။
ဒီည အိုးထရက်ဖို့ဒ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ တော့တင်ဟမ် စပါးအသင်းတို့ ထိပ်တိုက် ယှဉ်ပြိုင်သွားဖို့ ရှိနေရာ ဒီပွဲမတိုင်ခင်မှာပဲ စပါးနည်းပြ ပိုစတီကိုဂလူးက မန်ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက် ကို ချီးကျူးစကားတွေ ပြောဆိုလာခဲ့ပါတယ်။
ကြားရက်က ယူရိုပါလိဂ်ပွဲမှာ အက်ဖ်စီ တွမ်တီးကို သရေသာ ကစားနိုင်ခဲ့ပြီးနောက် တန်ဟတ်ဂ်လက်အောက် တိုးတက်လာတယ်ဆိုပြီး ပြောဆိုခဲ့ကြတဲ့ အသင်းသားတွေကို ပရိသတ်တွေက လှောင်ပြောင်ဝေဖန်နေကြပါတယ်။
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့နွေတုန်းက ဘာစီလိုနာ ကြယ်ပွင့်တစ်ဉီးကို ပေါင် ၈၃.၅ သန်းနဲ့ကမ်းလှမ်းခဲ့ကြောင်း သတင်းထွက်နေပါတယ်။
မန်ယူအသင်းနည်းပြဟောင်း မိုရက်စ်လက်ထက်တုန်းက ရီးရဲလ် ကွင်းလယ်လူဟောင်း တိုနီခရူးစ်ကို ခေါ်ယူဖို့ အလွန်နီးစပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။