သတင်းမီဒီယာတွေကနေ ဝေဖန်ရေး လေကန်ရေး လုပ်ကြသူတွေနဲ့ ပတ်သတ်ပြီး တန်ဟက် အံ့အားသင့်ဖွယ် ဝန်ခံမှု ပြုလာ

မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက် က ဘောလုံးရေးရာ သုံးသပ်ကြသူ pundits တွေရဲ့ ဝေဖန်တဲ့စကားတွေ အကြံပြုတဲ့စကားတွေကို သူ နားထောင်ဖြစ်ကြောင်း အံ့အားသင့်ဖွယ် ဝန်ခံလိုက်ပါတယ်။

ဘောလုံးသမားဟောင်းတွေ၊ နည်းပြဟောင်းတွေကို နာမည်ကျော် ဗြိတိန် အားကစားရုပ်သံတွေကနေ သုံးသပျသူ pundit တွေအဖြစ် ခန့်အပ်ပြီး pundit တွေကလည်း ဘောလုံးအကြောင်းနဲ့ ပတ်သက်သမျှတွေကို အကဲဖြတ် သုံးသပ်ကြသလို ဝေဖန်ရေးအပိုင်းတွေ လုပ်ဆောင်လာကြပါတယ်။

ဒီလို pundit တွေရဲ့ ဝေဖန်မှုနဲ့ အမြဲတမ်းလိုလို ရင်ဆိုင်ရတက်တဲ့ မန်ယူနိုက်တက် နည်းပြ တန်ဟက် ကတော့ သူ့ကို pundit တွေ ဝေဖန်ကြတဲ့အပေါ် သဘောကျကြောင်းနဲ့ pundits တွေရဲ့ ဝေဖန်စကားတွေကိုလည်း နားထောင်လေ့ရှိကြောင်း ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

“တချို့တွေက အရမ်းကောင်းတဲ့ အကြံညဏ်မျိုး ပေးကြတယ်။ ကျွန်တော့်အတွက် အကောင်းဆုံး အကြံပေးမှုက အဆုံးသတ် သေချာအောင် လုပ်ဖို့နဲ့ အသင်းရဲ့ ဘယ်နေရာတွေမှာ တိုးတက်အောင် လုပ်ဖို့ လိုနေတယ်ဆိုတာတွေပါပဲ။ ဘောလုံးနဲ့ ပတ်သက်ပြီး အလုပ်လုပ်နေပြီဆိုရင် ဘောလုံးနဲ့ ပတ်သက်တဲ့ အမြင်ကလည်း ရှိရမယ်။

ဒါကို ကိုင်တွယ် ဖြေရှင်းတက်ရမယ်။ ကျွန်တော်ကတော့ ဝေဖန်မှုတိုင်းကို လေးစားပါတယ်။ ဝေဖန်တဲ့သူတွေကတော့ ပွဲတိုင်းကို ဝေဖန်ပိုင်ခွင့် ရှိနေကြတာပဲ။ အဲ့ဒါက သာမန်ပါပဲ။ ပြီးတော့ လူတိုင်းကလည်း ပွဲတိုင်းမှာ မန်ယူနိုက်တက်က အနိုင်ရမယ်လို့ မျှော်လင့်ကြတာပဲ။ ဒါက ထူးခြားတဲ့ အကြောင်းအရာလည်း ဟုတ်မနေပါဘူး။

ဒီလို အသင်းမျိုးကို ကိုင်တွယ်နေပြီဆိုရင် ဒါတွေနဲ့ ပတ်သက်ပြီးပါ ကိုင်တွယ်နိုင်ရပါမယ်။ ဒါက နည်းပြ အသက်ငယ်တာ ကြီးတာနဲ့လည်း မဆိုင်ပါဘူး။ ကျွန်တော်တို့ ဒါကို ရင်ဆိုင်ပြီး လူတိုင်းရဲ့ မျှော်လင့်ချက်တွေနဲ့ ကိုက်ညီအောင် အကောင်းဆုံးတွေ ရယူနိုင်ရပါမယ်။

ကျွန်တော်တို့လို လူငယ်အသင်းက အချိန် အနည်းငယ် ယူရမယ်ဆိုတာ သိထားပါတယ်။ ကျွန်တော်တို့က လမ်းကြောင်းမှန်ပေါ် ရောက်နေပြီးတော့ အခုက ပိုထိရောက်ပြီး ဂိုးတွေ ပိုသွင်းဖို့အကြောင်းကို အာရုံစိုက်ရပါမယ်။” လို့ တန်ဟက် က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။