တန်ဟက် ပြုတ်သင့်နေပြီ ဆိုတာ စပါးပွဲပြီးတာနဲ့ ချက်ချင်း ပြောလိုက်တဲ့ ခရစ်ဆက်တန်
နည်းပြ တန်ဟက်ရဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ တနင်္ဂနွေနေ့ ည အိုးထရက်ဖို့ဒ်မှာ တော့တင်ဟမ် စပါးအသင်းကို ဧည့်ခံ ကစားရာမှာ ၃-ဝ နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပါတယ်။
ယူနိုက်တက် ခြေစွမ်းပိုင်း မတည်ငြိမ်နိုင်တဲ့ အပြင် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်လည်း အနီကတ် နဲ့ ထုတ်ပယ် ခံလိုက်ရတာကြောင့် မန်ချက်စတာ ကလပ် လုံးဝ ပြန်မလာနိုင်တော့ဘဲ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာပါ။
ဘီဘီစီမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန်ကတော့ ယူနိုက်တက် ရဲ့ ဒီနေ့ ခြေစွမ်းကတော့ နည်းပြ ထုတ်ခံရတဲ့ အနေအထားမျိုးပဲ လို့ ပွင့်ပွင့်လင်းလင်းပဲ ပွဲပြီးပြီးချင်း သုံးသပ်လိုက်ပါတယ်။

” ဒီလို စွမ်းဆောင်ရည်၊ ခြေစွမ်းမျိုးကတော့ မန်နေဂျာ အထုတ်ခံရမယ့် ခြေစွမ်းမျိုးပါပဲ။ ” လို့ ခရစ်ဆက်တန်က ဘီဘီစီ အစီအစဉ်မှာ မှတ်ချက်ပြုသွားခဲ့တာပါ။
မန်ချက်စတာ ယူနိုက်တက်ဟာ အိုးထရက်ဖို့ဒ်မှာ ပွဲဆက်တိုက် ဂိုးမသွင်းနိုင်ဘဲ ရှုံးပွဲဆက်တာလည်း ဖြစ်လာခဲ့ပါတယ်။
ဒီလို အနေအထားမျိုး နောက်ဆုံး ဖြစ်ခဲ့စဉ်တုန်းက နည်းပြ အထုတ်ခံခဲ့ရတဲ့ အခြေအနေ ဖြစ်ပါတယ်။
ထိုစဉ်က နည်းပြ အိုလေဂန်နာ ဆိုးရှား လက်ထက်မှာ မန်ချက်စတာ ယူနိုက်တက် က လီဗာပူး ကို ၅-ဝ ၊ မန်ချက်စတာ စီးတီးကိုလည်း ၂-ဝ နဲ့ ဆက်တိုက် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။