ထုတ်ပယ်ခံရဖို့ ရေပန်းအစားဆုံး ဖြစ်လာတဲ့ အဲရစ်တန်ဟက်၊ အစားဝင်လာဖွယ် ရှိတဲ့ နည်းပြသစ်

နည်းပြ အဲရစ်တန်ဟက်ဟာ တနင်္ဂနွေနေ့တုန်းက အိုးထရက်ဖို့ဒ်ကွင်းတွင် စပါးစ်ကို ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ယူနိုက်တက်နည်းပြရာထူးမှ ထုတ်ပယ်ခြင်းခံရရန် ရေပန်းအစားဆုံး ဖြစ်လာပါတယ်။

ယူနိုက်တက်ဟာ အိုးထရက်ဖို့ဒ်တွင် လီဗာပူးကို ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် အိမ်ကွင်းတွင်ပင် စပါးစ်ကို ၃-၀ ဂိုးဖြင့် ထပ်မံ ရှုံးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ် အထုတ်ခံခဲ့ရပြီး ဘရန်နန်ဂျွန်ဆင်၊ ဒီဂျန်ကူလူဆပ်စကီး၊ ဒိုမီနစ်ဆိုလန်ကီတို့ရဲ့ ဂိုးဖြင့် အရေးနိမ့်ခဲ့တာပါ။

စပါးစ်ကို ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးချိန်မှာတော့ အဲရစ်တန်ဟက်ဟာ ပရီးမီးယားလိဂ်တွင် ပထမဆုံးအထုတ်ခံရမဲ့ နည်းပြအဖြစ် ရေပန်းအစားဆုံးဖြစ်လာပါတယ်။

စကိုင်းဘတ် က အဲရစ်တန်ဟက်ကို ၈/၁၃ ကြေးဖွင့်လှစ်ပေးထားပါတယ်။ ဒုတိယရေပန်းအစားဆုံးအဖြစ် ဂယ်ရီအိုနေးလ်က ၆/၁ ဖြင့် ရပ်တည်နေပါတယ်။

ယူနိုက်တက်ဟာ ယခုရာသီတွင် ပြိုင်ပွဲအရပ်ရပ် ၈ ပွဲကစားထားရာမှာ ၃ ပွဲတည်းသာ အနိုင်ရထားပါတယ်။ ၎င်းတို့ဟာ ပရီးမီးယားလိဂ် ၆ ပွဲကစားပြီးချိန်မှာ ၂ ပွဲနိုင်၊ ၁ ပွဲသရေကျပြီး ၃ ပွဲရှုံးနိမ့်ထားပါတယ်။

၎င်းတို့ဟာ ပဲလေ့စ်၊ တွမ်တီးတို့နှင့် သရေကျပြီးနောက် စပါးစ်ကို ရှုံးနိမ့်ခဲ့တာ ဖြစ်ပြီး ၃ ပွဲဆက် နိုင်ပွဲပျောက်နေပါတယ်။

တကယ်လို့များ အဲရစ်တန်ဟက်သာ အထုတ်ခံရပါက သူ့နေရာတွင် အစားထိုးခန့်အပ်ခြင်းခံရရန် အင်္ဂလန်နည်းပြဟောင်းဂါရတ်ဆောက်ဂိတ်က ရေပန်းစားနေပါတယ်။

ဆောက်ဂိတ်ဟာ အဲရစ်တန်ဟက်နေရာတွင် အစားထိုးခန့်အပ်ခြင်းခံရရန် ၂/၁ ဖြင့် ရပ်တည်နေပြီး လက်ရှိ ယူနိုက်တက်လက်ထောက်နည်းပြနစ္စတယ်ရွိုင်းက ၁၁/၄ ဖြင့် ဒုတိယရေပန်းအစားဆုံးဖြစ်နေပါတယ်။