နည်းပြ ရာထူး ဆက်မြဲဖို့ အဲရစ်တန်ဟက် ယူနိုက်တက်နဲ့ ဘယ်နှပွဲ အချိန်ရမလဲ ထွက်ပေါ်လာ

ထိုင်ခံလှုပ်နေပြီ ဖြစ်တဲ့ အဲရစ်တန်ဟက်ဟာ မန်ချက်စတာ ယူနိုက်တက် နည်းပြရာထူးအား လာမယ့် ၂ ပွဲတွင် ကယ်တင်သွားရတော့မှာ ဖြစ်ပါတယ်။

နယ်သာလန်း နည်းပြဟာ ၂၀၂၄-၂၅ ရာသီတွင် ရာသီအစ ရလဒ်ဆိုးရွားမှုကြောင့် ဖိအားများနှင့် ရင်ဆိုင်နေရသူလည်း ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ တနင်္ဂနွေနေ့ညတုန်းက အိုးထရက်ဖို့ဒ်တွင် စပါးစ်ကို ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် အိမ်ကွင်းနှစ်ပွဲဆက် ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ကာ အဆိုးရွားဆုံးအခြေအနေနှင့် ရင်ဆိုင်နေရပါတယ်။

ယူနိုက်တက်ပရိသတ်များဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၁၂ နေရာသို့ ကျရောက်သွားပြီးနောက် အဲရစ်တန်ဟက်ကို ထုတ်ပယ်ရန် တောင်းဆိုလာကြပါတယ်။

ယူနိုက်တက် တာဝန်ရှိသူများဟာ အဲရစ်တန်ဟက်ကို ချက်ချင်း ရာထူးမှ ထုတ်ပယ်သွားဦးမှာ မဟုတ်သေးဘဲ အခွင့်အရေးပေးသွားပါဦးမယ်။

ယူနိုက်တက်ဟာ ယခုအပတ်တွင် ကစားရမဲ့ ပေါ်တို၊ အက်စတွန်ဗီလာတို့နှင့် ပွဲစဉ်များ ရလဒ်အပေါ် မူတည်ကာ အဲရစ်တန်ဟက်ရဲ့ အနာဂတ်ကို ဆုံးဖြတ်သွားမှာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ကြာသပတေးနေ့တွင် ယူရိုပါလိဂ်ပွဲစဉ်အဖြစ် ပေါ်တူဂီထိပ်သီး ပေါ်တိုနှင့် ရင်ဆိုင်ကစားရပါမယ်။

ယင်းပွဲအပြီး တနင်္ဂနွေနေ့တွင် ယူနိုက်တက်ဟာ မဖြစ်မနေ နိုင်ပွဲရယူရမဲ့ပွဲအဖြစ် အက်စတွန်ဗီလာအား အဝေးကွင်းသို့ သွားရောက် ရင်ဆိုင်ရပါမယ်။

ထိုနှစ်ပွဲမှာပါ အခြေမလှရင်တော့ တန်ဟက်ရဲ့ ရာထူးက ထုတ်ပယ်ခံရဖို့ ပိုများသွားတော့မှာပါ။ ယူနိုက်တက်ဟာ တန်ဟက်ကို ထုတ်ရင် လျော်ကြေး ပေါင် ၁၇သန်းခွဲလောက် ပေးရဖို့လည်း ရှိနေပါတယ်။

တနင်္ဂနွေနေ့တုန်းက စပါးစ်နှင့်ပွဲတွင် ဘရူနိုဖာနန်ဒက်စ်မှာ အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရသလို ယူနိုက်တက် ကွင်းလယ် ကစားသမားကိုဘီမိုင်နူးမှာလည်း ပထမပိုင်းတွင် ဒဏ်ရာရရှိကာ လူစားလဲလှယ်ခဲ့ရပါတယ်။