စပါးနဲ့ပွဲ အရှုံးထဲက ရသလောက် အဖယ်ဆယ်နိုင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်
မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ တနင်္ဂနွေနေ့တုန်းက စပါးစ်ကို ရှုံးနိမ့်တဲ့ ပွဲစဉ်မှ အနီကတ်အား နောက်ဆက်တွဲ ပွဲပယ် မခံရအောင် အယူခံဝင်ခဲ့ပါတယ်။
ထို အယူခံက အောင်မြင်သွားမှုနှင့်အတူ ဘရူနို ဖာနန်ဒက်စ်က ပွဲပယ်ခံရမဲ့ အရေးမှ ရှောင်လွဲနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
အသက် ၃၀ နှစ်ရှိ ဖာနန်ဒက်စ်ဟာ စပါးစ်အလယ်တန်းကစားသမားဂျိမ်းစ်မက်ဒီဆင်ကို ပြစ်ဒဏ်ကျူးလွန်မှုကြောင့် တိုက်ရိုက် အနီကတ် ပြ ထုတ်ပယ်ခြင်းခံခဲ့ရတာ ဖြစ်ပြီး ၃ ပွဲပယ်ခံရမဲ့အရေးနှင့် ရင်ဆိုင်ခဲ့ရပါတယ်။

ဒါပေမဲ့ ယူနိုက်တက်ဟာ ဘရူနိုဖာနန်ဒက်စ်ရဲ့ အနီကတ်ကို အယူခံဝင်ခဲ့ရာ အောင်မြင်သွားခဲ့ပါတယ်။ ထိုအနီကတ် ပြစ်ဒဏ်ကလည်း ပြင်းထန်လွန်းတယ် လို့ ထောက်ပြ ဝေဖန်မှုတွေ ရှိနေခဲ့တာပါ။
အခုတော့ း ယူနိုက်တက်အသင်းခေါင်းဆောင်ဟာ အက်စတွန်ဗီလာ၊ ဘရန့်ဖို့ဒ်၊ ဝက်စ်ဟမ်းတို့နှင့်ပွဲမှာ ပါဝင်လာနိုင်ပါမယ်။
အဲရစ်တန်ဟက်ရဲ့ ယူနိုက်တက်ဟာ ဘရူနိုဖာနန်ဒက်စ် ထုတ်ပယ်ခံရချိန်တွင် ၁-၀ ဂိုးဖြင့် ရှုံးနိမ့်နေတာ ဖြစ်ပြီး တစ်ယောက် လျှော့ဖြင့် ကစားရပြီးနောက် ၃-၀ ဂိုးဖြင့် ရှုံးနိမ့်သွားခဲ့ပါတယ်။