မန်ချက်စတာ ယူနိုက်တက် က ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ကို စိန်ခေါ်နိုင်တယ်လို့ ရိုနယ်ဒို ပြောဆို
မန်ချက်စတာ ယူနိုက်တက်အသင်းထံ တကျော့ပြန် ပြန်လည် ရောက်ရှိလာကာ ပွဲဦးထွက်မှာတင် သွင်းဂိုး ၂ဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ နာမည်ကျော် ပေါ်တူဂီ တိုက်စစ်မှူး ရိုနယ်ဒိုက သူတို့အသင်းဟာ ဆုဖလားတွေကို စိန်ခေါ်နိုင်တဲ့ အရည်အသွေးကို ပိုင်ဆိုင်ထားကာ လူငယ် ကစားသမားတွေ များပြားတာကြောင့် ရင့်ကျက်မှုသာ ရှိလာရင် ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ကို စိန်ခေါ်နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။
ရိုနယ်ဒိုက – “ဒီအသင်းက အခုဆိုရင် အောင်မြင်မှု များစွာကို ရယူနိုင်တဲ့ အသင်းတသင်း ဖြစ်နေပါပြီ။ ကျွန်တော်တို့မှာ အရမ်းကောင်းတဲ့ ကစားသမားတွေ ရှိတယ်။ ပြီးတော့ နည်းပြကောင်းလည်း ရှိတယ်။ ကျွန်တော်တို့သာ ဆုဖလားတွေကို ရယူနိုင်တယ် ဆိုတဲ့ စိတ်ထားမျိုးကို ထူထောင်နိုင်ရင် ပရီးမီးယားလိဂ် ဆုဖလားကို ရယူနိုင်စွမ်း ရှိပါတယ်။ ပြီးတော့ ချန်ပီယံလိဂ်ဖလားကိုတောင်မှပေါ့” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

အသက် ၃၆နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ရိုနယ်ဒိုဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ အီတလီ စီးရီးအေကလပ် ဂျူဗင်တပ်အသင်း ကနေ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်အသင်းထံ ကနဦး ပြောင်းရွှေ့ကြေး ယူရို ၁၅သန်းနဲ့ ပြန်လည် ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းနဲ့ ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့သူပါ။
အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲဟာ ကြံ့ခိုင်မှု အသားပေး လိဂ်တခု ဖြစ်သလို ပွဲချိန်အတွင်းမှာ အရှိန်အဟုန်နဲ့ ကစားလေ့ရှိတာကြောင့် အသက် ၃၆နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ရိုနယ်ဒိုဟာ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ရလိမ့်မယ် ဆိုတဲ့ ထင်မြင်ချက်တွေ ရှိခဲ့ပေမယ့် ရိုနယ်ဒို ကတော့ ထင်မြင်မှုတွေ မှားယွင်းကြောင်းကို လုပ်အားနဲ့ သက်သေပြခဲ့ပါတယ်။
ရိုနယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက်အသင်းက နယူးကာဆယ်အသင်းကို ၄-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် အရေးပါတဲ့ ဦးဆောင်ဂိုး ၂ဂိုးကို သွင်းယူပေးနိုင်ခဲ့သလို ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကိုပါ ရရှိခဲ့ပါတယ်။

Zawgyi
မန္ခ်က္စတာ ယူႏိုက္တက္အသင္းထံ တေက်ာ့ျပန္ ျပန္လည္ ေရာက္ရွိလာကာ ပြဲဦးထြက္မွာတင္ သြင္းဂိုး ၂ဂိုး သြင္းယူေပးႏိုင္ခဲ့တဲ့ နာမည္ေက်ာ္ ေပၚတူဂီ တိုက္စစ္မႉး ႐ိုနယ္ဒိုက သူတို႔အသင္းဟာ ဆုဖလားေတြကို စိန္ေခၚႏိုင္တဲ့ အရည္အေသြးကို ပိုင္ဆိုင္ထားကာ လူငယ္ ကစားသမားေတြ မ်ားျပားတာေၾကာင့္ ရင့္က်က္မႈသာ ရွိလာရင္ ခ်န္ပီယံလိဂ္နဲ႔ ပရီးမီးယားလိဂ္ကို စိန္ေခၚႏိုင္မယ္လို႔ ယုံၾကည္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။
႐ိုနယ္ဒိုက – “ဒီအသင္းက အခုဆိုရင္ ေအာင္ျမင္မႈ မ်ားစြာကို ရယူႏိုင္တဲ့ အသင္းတသင္း ျဖစ္ေနပါၿပီ။ ကြၽန္ေတာ္တို႔မွာ အရမ္းေကာင္းတဲ့ ကစားသမားေတြ ရွိတယ္။ ၿပီးေတာ့ နည္းျပေကာင္းလည္း ရွိတယ္။ ကြၽန္ေတာ္တို႔သာ ဆုဖလားေတြကို ရယူႏိုင္တယ္ ဆိုတဲ့ စိတ္ထားမ်ိဳးကို ထူေထာင္ႏိုင္ရင္ ပရီးမီးယားလိဂ္ ဆုဖလားကို ရယူႏိုင္စြမ္း ရွိပါတယ္။ ၿပီးေတာ့ ခ်န္ပီယံလိဂ္ဖလားကိုေတာင္မွေပါ့” လို႔ ေျပာၾကားခဲ့တာပဲ ျဖစ္ပါတယ္။
အသက္ ၃၆ႏွစ္ အ႐ြယ္ ရွိေနၿပီ ျဖစ္တဲ့ ႐ိုနယ္ဒိုဟာ ၿပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ အီတလီ စီးရီးေအကလပ္ ဂ်ဴဗင္တပ္အသင္း ကေန အသင္းေဟာင္း မန္ခ်က္စတာ ယူႏိုက္တက္အသင္းထံ ကနဦး ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၁၅သန္းနဲ႔ ျပန္လည္ ေျပာင္းေ႐ႊ႕လာသူ ျဖစ္ၿပီး အသင္းနဲ႔ ၃ႏွစ္ သက္တမ္း ရွိတဲ့ စာခ်ဳပ္တရပ္ ခ်ဳပ္ဆိုခဲ့သူပါ။
အဂၤလန္ ပရီးမီးယားလိဂ္ ၿပိဳင္ပြဲဟာ ႀကံ့ခိုင္မႈ အသားေပး လိဂ္တခု ျဖစ္သလို ပြဲခ်ိန္အတြင္းမွာ အရွိန္အဟုန္နဲ႔ ကစားေလ့ရွိတာေၾကာင့္ အသက္ ၃၆ႏွစ္ အ႐ြယ္ ရွိေနၿပီ ျဖစ္တဲ့ ႐ိုနယ္ဒိုဟာ ပရီးမီးယားလိဂ္မွာ ေျခစြမ္းျပႏိုင္ဖို႔ ႐ုန္းကန္ရလိမ့္မယ္ ဆိုတဲ့ ထင္ျမင္ခ်က္ေတြ ရွိခဲ့ေပမယ့္ ႐ိုနယ္ဒို ကေတာ့ ထင္ျမင္မႈေတြ မွားယြင္းေၾကာင္းကို လုပ္အားနဲ႔ သက္ေသျပခဲ့ပါတယ္။
႐ိုနယ္ဒိုဟာ မန္ခ်က္စတာ ယူႏိုက္တက္အသင္းက နယူးကာဆယ္အသင္းကို ၄-၁ ဆိုတဲ့ ရလဒ္နဲ႔ အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ အသင္းအတြက္ အေရးပါတဲ့ ဦးေဆာင္ဂိုး ၂ဂိုးကို သြင္းယူေပးႏိုင္ခဲ့သလို ပြဲစဥ္ရဲ႕ အေကာင္းဆုံး ကစားသမားဆုကိုပါ ရရွိခဲ့ပါတယ္။