မိုင်နူး ပါဝင်လာပြီး ပေါ်တူဂီ မြေသို့ ထွက်ခွာသွားတဲ့ ဒီည ပေါ်တိုနှင့်ပွဲအတွက် မန်ယူအသင်း ၂၃ ဦး လူစာရင်း

ဒီ ကြာသပတေးနေ့ ည ပေါ်တူဂီမြေမှာ ကစားရမယ့် ပေါ်တို နဲ့ ယူရိုပါလိဂ်ပွဲစဉ်အတွက် ယူနိုက်တက် လူစာရင်း ထွက်ပေါ်လာပြီ ဖြစ်ရာ မှာ ကိုဘီမိုင်နူး ပါဝင်လာပြီး ယူနိုက်တက် ကွင်းလယ် သတင်းကောင်းကြုံနေရပါတယ်။

ပေါ်တူဂီမြေသို့ လိုက်ပါသွားတဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ၂၃ ဦး လူစာရင်းက အောက်ပါ အတိုင်း ဖြစ်ပါတယ်။

Goalkeepers: Onana, Bayindir, Heaton.

Defenders: De Ligt, Evans, Maguire, Lindelof, Martinez, Dalot, Mazraoui.

Midfielders: Fernandes, Gore, Mainoo, Eriksen, Ugarte, Collyer, Casemiro.

Attackers: Amad, Garnacho, Hojlund, Antony, Rashford, Zirkzee.

အင်္ဂလန်သား ယူနိုက်တက် လူငယ်ကွင်းလယ် မိုင်နူးဟာ တနင်္ဂနွေနေ့တုန်းက အိမ်ကွင်းတွင် စပါးစ်ကို ရှုံးနိမ့်တဲ့ ပွဲစဉ်တွင် တံကောက်ကြော ဒဏ်ရာရရှိသွားတယ်လို့ ယူဆရပြီး လူစားလဲလှယ်ခဲ့ရပါတယ်။

ဒါပေမဲ့ စစ်ဆေးမှုအရ အင်္ဂလန်စတားရဲ့ ဒဏ်ရာအခြေအနေမှာ ထင်မှတ်ထားသလို စိုးရိမ်စရာ မရှိပါဘူး။

အသက် ၁၉ နှစ်ရှိ မိုင်နူးဟာ ယူနိုက်တက်အသင်းဖော်များနှင့်အတူ ပေါ်တူဂီခရီးစဉ်တွင် လိုက်ပါလာပြီ ဖြစ်ပါတယ်။

ဒီည ပေါ်တိုနှင့်ပွဲစဉ်က ယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ရဲ့အနာဂတ်အတွက် အရေးပါတဲ့ ပွဲတစ်ပွဲ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ပေါ်တိုနှင့်ပွဲအပြင် တနင်္ဂနွေနေ့ ဗီလာနှင့်ပွဲတို့တွင် ရလဒ်ကောင်းရယူနိုင်ခြင်း မရှိပါက အဲရစ်တန်ဟက်ကို ထုတ်ပယ်လာမှာလည်း ဖြစ်ပါတယ်။