ကောင်းနေတဲ့ ရက်ဖို့ဒ်ကို ထုတ်ပြီး ဂနာချို ကို လူစားထည့်တဲ့ ကိစ္စ အတွက် မစ္စတာ တန်ဟက်ရဲ့ ဖြေရှင်းခန်း

ပေါ်တိုနဲ့ ယူရိုပါလိဂ်ပွဲမှာ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုး မားကပ် ရက်ဖို့ဒ်ထံက ဂိုး ခြိမ်းခြောက်နိုင်စွမ်းတွေကို မြင်ရပေမယ့် နည်းပြ တန်ဟက်က ပထမပိုင်း ၄၅ မိနစ် အပြီးမှာတင် ၎င်းကို လူစားလဲခဲ့ပါတယ်။

ဘယ်ခြမ်းမှာ ပေါ်တိုကို ကောင်းကောင်းကြီး ဒုက္ခပေးနိုင်နေပြီး ၇ မိနစ်မှာတင် ကိုယ်တိုင် ဂိုးသွင်းခဲ့ကာ ဟွိုင်လန်း ဂိုးသွင်းဖို့ပါ ထောက်ပံ့မှု လုပ်ပေးခဲ့တဲ့ ရက်ဖို့ဒ်ကို ပထမပိုင်း အပြီးမှာတင် လူစားလဲခဲ့တဲ့ ကိစ္စ လူပြောများနေပါတယ်။

ရက်ဖို့ဒ်ကို ဂနာချိုနဲ့ လဲလိုက်ရတဲ့ အကြောင်းအရင်း ပွဲအပြီးမှာ နည်းပြ တန်ဟက်က အခုလို ရှင်းပြပါတယ်။

“သူ အိုကေပါတယ်။ ဘာပြသနာမှ မရှိပါဘူး။ ဒါပေမယ့် ကျနော်တို့ အလှည့်ကျ အပြောင်းအလဲ လုပ်ဖို့ လိုအပ်ခဲ့လို့ပါ။ ဂါနာချိုဟာ ဒီအချိန်မှာ ကျနော်တို့ရဲ့ attacking threat ဖြစ်ပါတယ်။ အဲဒီအတွက် လူစားဝင်စေခဲ့တာပါ။

ကျနော်တို့ တနင်္ဂနွေနေ့ ဗီလာနဲ့ အတွက် လန်းဆန်းနေတဲ့ ကစားသမားတွေ လိုအပ်ပါတယ်။ ဒါဟာ အစီအစဉ်အရပါ။” လို့ ပြောဆိုခဲ့ပါတယ်။

ဆက်လက်ပြီး တန်ဟက်က “ကျနော်တို့ ဒီည ဘယ်ခြမ်းမှာ ကောင်းကောင်း defend မလုပ်နိုင်ခဲ့ပါဘူး။ ရပ်ဖို့ဒ် ကလည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပါတယ်။ ဒါပေမယ့် ခုနက ပြောခဲ့သလိုပဲ ကျနော် ဂါနာချိုကို သုံးလို့ လိုအပ်ခဲ့ပါတယ်။ ရပ်ဖို့ဒ်ရဲ့ ကစားပုံ အပေါ် အပြစ်ပြောစရာ မရှိပါဘူး။” လို့လည်း ဆက်လက် ဖြေရှင်းခဲ့ပါတယ်။