မနက်ဖြန်ည ကန်မယ့် အက်စတွန်ဗီလာ – မန်ယူ ပွဲ အတွက် ဆရာကြီး ပေါမာဆန်ရဲ့ သုံးသပ်ခန့်မှန်း

မန်ချက်စတာ ယူနိုက်တက်အသင်း ဟာ ဒီတပတ် ပရီးမီးယားလိဂ် မှာတော့ အက်စတွန်ဗီလာနဲ့ တွေ့နေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာပါ။ ဒီနှစ်သင်းဟာ မနက်ဖြန် တနင်္ဂနွေနေ့ ဗီလာပါ့ခ်မှာ ည ၇ နာရီခွဲ အချိန်မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဝါရင့်ကြီး တစ်ဦး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်က အက်စတွန်ဗီလာနဲ့ မန်ချက်စတာ ယူနိုက်တက် ပွဲ အတွက် ပွဲကြို သုံးသပ် ခန့်မှန်းလာပါတယ်။

ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်

ဒီအပတ်ရဲ့ ကြည့်ရမယ့်ပွဲပဲ။ အက်စတွန်ဗီလာက နှစ်ပေါင်း ၃ဝ အတွင်း အကောင်းဆုံး ရလဒ်နဲ့ ပြန်လာနေတယ်။ ယူနိုက်တက်ကတော့ အရမ်း ဆိုးရွားတဲ့ ကစားပွဲတွေကို ကစားနေပါတယ်။

ရိုးရိုးသားသား ပြောရရင် အခုချိန်က ယူနိုက်တက်အတွက် ဗီလာနဲ့ ရင်ဆိုင်ဖို့ အကောင်းဆုံး အချိန်ပါပဲ။ ဘာလို့လဲဆိုတော့ အမ်မရီတို့က ဘိုင်ယန်မြူးနစ်ကို အနိုင်ရဖို့ ကြားရက်မှာ အစွမ်းကနု် အားထုတ်ထားရတာပါ။ ဒါပေမယ့် ဗီလာက အနိုင်ယူဖို့ ခက်ခဲတဲ့အသင်း ဖြစ်နေဆဲပါ။

ယူနိုက်တက်က ဖရိုဖရဲဖြစ်နေပြီး ပရီးမီးယားလိဂ်မှာ နိုင်ပွဲ ၁ ပွဲပဲ ရထားပါတယ်။ ဒီပွဲကို နိုင်ရင်တော့ တန်ဟက်ကို ရာထူးကနေ ထုတ်မလား မေးခွန်းထုတ်ခံရမှာပါပဲ။ ရှုံးသွားခဲ့ရင်တော့ ထိပ်ဆုံး ၄ သင်း ပြိုင်ဆိုင်မှုကနေ သူတို့ သိပ်ဝေးသွားပါလိမ့်မယ်။

ယူနိုက်တက်က နောက်ကနေ ပြန်လိုက်နိုင်မယ့် အသင်း အနေအထားမျိုးလည်း မဟုတ်ပါဘူး။ ယူနိုက်တက်က တန်ဟက်အပေါ်မှာ ဘယ်လောက်ထိ ယုံကြည်မှု ပေးနိုင်မလဲ ကျနော် မသိဘူး။ သူတို့ ထိပ်ဆုံး ၄ သင်းနေရာ စိန်ခေါ်နိုင်မယ် မထင်မိပါဘူး။

အမ်မရီက နည်းပြကောင်းဖြစ်ပြီး သူ့လက်ထက်မှာ ဗီလာ ကစားသမား အားလုံး တိုးတက်လာနေပါတယ်။ ဒါကြောင့်ပဲ ဒီပွဲ ဗီလာနိုင်သွားမယ် ထင်မိပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်

အက်စတွန်ဗီလာ ၂-၁ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။