အလန်ရှီးယားကြီးရဲ့ အက်စတွန်ဗီလာ – မန်ချက်စတာ ယူနိုက်တက် ပွဲစဉ် ကြိုတင် သုံးသပ်ခန့်မှန်းချက်
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီအပတ်မှာ စိန်ခေါ်မှုတစ်ရပ် အနေနဲ့ ခြေထက်နေတဲ့ ဗီလာကို အဝေးကွင်း မှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်နဲ့ နယူးကာဆယ် ဂန္တဝင် တိုက်စစ်မှုးဟောင်းကြီး အလန်ရှီးယားက အက်စတွန် ဗီလာနဲ့ မန်ချက်စတာ ယူနိုက်တက် ပွဲ အတွက် ကြိုတင် သုံးသပ် ခန့်မှန်းမှုတွေ ပြုလုပ်ထားပါတယ်။
အလန်ရှီးယားကတော့ ဒီပွဲဟာ အိမ်ရှင် အက်စတွန်ဗီလာပဲ အသာရသွားမယ်လို့ သုံးသပ်ထားပါတယ်။
ရှီးယားက ” အမ်မရီလက်ထက် အက်စတွန်ဗီလာရဲ့ အိမ်ကွင်း မှတ်တမ်းတွေက သိပ်ကောင်းသလို ယူနိုက်တက်ကလည်း ဖိအားတွေအောက် ရောက်နေပါတယ်။ တနင်္ဂနွေနေ့ပွဲမှာ အိမ်ရှင်အသင်း အနိုင်ရသွားမယ်လို့ ကျနော် ခန့်မှန်းပါတယ်။
ဝတ်ကင်က ဂိုးတွေသွင်းနေပြီး သူ စွမ်းဆောင်ရည် မကောင်းခဲ့ရင်လည်း ဒူရန်က အရန်ခုံကနေ ဝင်လာပြီး ဂိုးတွေသွင်းနိုင်စွမ်း ရှိနေပါတယ်။ ဘိုင်ယန်မြူးနစ် ပွဲတုန်းကလိုပေါ့။
ဒီကစားသမား ၂ ဦးက ယူနိုက်တက်ကို ရင်ဆိုင်ကစားတဲ့ အိမ်ကွင်းပွဲမှာ ဆက်လက် တောက်ပနေဦးမှာပါ။ ” လို့ သုံးသပ် ခန့်မှန်းထားပါတယ်။