ဒီတလော မန်ယူ နည်းပြ ရာထူးက ထုတ်ခံရမှာ မဟုတ်ဘူး ယုံကြည်ကြောင်း တစ်ကွက် ပြသွားတဲ့ အဲရစ်တန်ဟက်
အဲရစ်တန်ဟက် ကတော့ အောက်တိုဘာလ နိုင်ငံတကာပွဲစဉ်များ ကာလ အတွင်းတွင် မန်ချက်စတာယူနိုက်တက် နည်းပြရာထူးမှ ထုတ်ပယ်ခြင်းခံရမှာ မဟုတ်ဘူးလို့ ယုံကြည်နေမှုနှင့်အတူ အပန်းဖြေခရီး ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။
အဲရစ်တန်ဟက် ဦးဆောင်နေတဲ့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲ ၇ ပွဲတွင် ၈ မှတ်တည်းသာ ရရှိထားပြီး အဆင့် ၁၄ နေရာမှာ ရပ်တည်နေကာ သမိုင်းတွင် အဆိုးရွားဆုံး ပရီးမီးယားလိဂ် တာထွက်နှင့် ရင်ဆိုင်နေရပါတယ်။
အဲရစ်တန်ဟက်ရဲ့ ယူနိုက်တက် အနာဂတ်မှာ ယနေ့တွင် လန်ဒန်မှာ ပြုလုပ်လာမဲ့ အသင်း ပူးတွဲပိုင်ရှင်များဖြစ်ကြတဲ့ ဆာဂျင်ရက်ကလစ်ဖ်၊ ဂျိုယေးဂလေဇာတို့အကြား ဆွေးနွေးမှုအပေါ်တွင် မူတည်နေပါတယ်။

ဒါပေမဲ့လည်း အဲရစ်တန်ဟက်ဟာ ဗီလာနှင့်ပွဲအပြီးတွင် ယူနိုက်တက်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ရာ အထုတ်ခံရမှာ မဟုတ်ဘူးလို့ ယုံကြည်နေတာလည်း ဖြစ်ပါတယ်။
တဖက်တွင် ယင်းတွေ့ဆုံမှာ လစဉ် ပုံမှန် တွေ့ဆုံဆွေးနွေးမှုမျှသာ ဖြစ်ပြီး ကလပ်ရဲ့ ရလဒ်ဆိုးရွားနေမှုကြောင့် ဆွေးနွေးလာခြင်း မဟုတ်ပါဘူး။
တကယ်လို့များ ယူနိုက်တက်ဟာ အဲရစ်တန်ဟက်ကိုသာ ထုတ်ပယ်လာမည်ဆိုပါက အသင်းလက်မဲ့ဖြစ်နေတဲ့ သောမတ်စ် တူချယ်ကို ခန့်အပ်ရန် စီစဉ်ထားပါတယ်။ ယူနိုက်တက်ဟာ သောမတ်စ် တူချယ်နှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် စီစဉ် ထားကြောင်းလည်း သတင်းထွက်နေပါသေးတယ်။
ဒါပေမဲ့ ယူနိုက်တက် ပရိသတ်များကတော့ လက်ရှိ အသင်းတွင် လက်ထောက် နည်းပြ အဖြစ် တာဝန် ထမ်းဆောင်နေတဲ့ နစ္စတယ်ရွိုင်းကို ခန့်အပ်ရန် တောင်းဆိုနေကြပါတယ်။