မန်ချက်စတာ ယူနိုက်တက် နည်းပြ ရာထူးနဲ့ ပတ်သတ်ပြီး ပီတာရှမိုက်ကယ်ရဲ့ သဘောထား
တန်ဟက် ထုတ်ပယ်ခံရဖို့ ရေပန်းစားလာပြီးတဲ့နောက် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြနေရာ အတွက် ဘယ်သူက သင့်တော်မလဲ ဆိုတာကို သရဲနီ ဂိုးသမားဟောင်းကြီး ပီတာရှမိုက်ကယ်က သုံးသပ် မှတ်ချက်ပေးလာပါတယ်။
ဘောလုံးရာသီ ကြားကာလမှာ မန်နေဂျာသစ်ရဖို့က ခက်ခဲပေမယ့် ယူနိုက်တက်ဘက်က ချိတ်ဆက်မယ်ဆိုရင် ထိပ်တန်းပုဂ္ဂိုလ် အချို့ကို ခေါ်ယူလို့ရနိုင်ပါတယ်။ အဲ့ထဲမှာတော့ နာမည်ကြီး နည်းပြ သောမတ်စ် တူချယ်လည်း ပါဝင်နေပါတယ်။
ပီတာ ရှမိုက်ကယ်က ‘ သောမတ်စ် တူချယ် နောက်ဆုံး ကိုင်တွယ်ခဲ့တဲ့ ၂ သင်း (ချယ်ဆီး၊ ဘိုင်ယန်မြူးနစ်) တို့ဟာ သူ့အတွက်တော့ အချိန်မှားပြီး ရောက်သွားခဲ့တာပါ။

ပိုင်ရှင်သစ် ရောက်လာခြင်းနဲ့အတူ ချယ်ဆီးက ရှုပ်ထွေးနေခဲ့တယ်။ ဘိုင်ယန်မြူးနစ်ကလည်း တူညီတဲ့ အခြေအနေဖြစ်ပြီး သူတို့အသင်း ဦးဆောင်သူတွေ အားလုံးကို ပြောင်းလဲနေချိန်ဖြစ်ပါတယ်။
ကျနော်ကတော့ တူချယ်ကို ကြိုက်တယ်။ ချန်ပီယံလိဂ်မှာ သူနဲ့ စကားပြောရတာ၊ အင်တာဗျူးတွေလုပ်ရတာ၊ နည်းစနစ် ဧရိယာမှာ ကစားသမားတွေကို သူ ဦးဆောင် လမ်းညွှန်တာတွေက ယူနိုက်တက်အတွက် မန်နေဂျာကောင်း ဖြစ်စေမှာပါ။
ချယ်ဆီးနဲ့ ယူနိုက်တက်မှာ လုပ်ချင်သလောက် လုပ်ခွင့်မရခဲ့ပေမယ့် သူ့မှာ ဩဇာရှိပြီး ယူနိုက်တက်အတွက် အံဝင်သူ ဖြစ်ပါလိမ့်မယ်။
ဒါပေမယ့် တန်ဟက်က ယူနိုက်တက် မန်နေဂျာဖြစ်နေဆဲမို့ လောလောဆယ် သူ့ကိုပဲ အားပေးရမှာပါ။ အသင်းက တချိန်လုံး မန်နေဂျာ ပြောင်းနေလို့ မရပါဘူး။ ’ လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။