ရော်နယ်ဒို ငယ်ငယ်ကလောက် ထူးချွန်တဲ့ ကစားသမား ပရီးမီးယားလိဂ်မှာ ရှိနေကြောင်း နဗီး ဖော်ထုတ်
မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ချယ်ဆီး တိုက်စစ်သမား ပါလ်မာဟာ ခရစ်တီယာနို ရော်နယ်ဒို မန်ချက်စတာ ယူနိုက်တက်မှာ ကစားခဲ့စဉ်က ပုံစံမျိုး ပြသနေကြောင်း ခိုင်းနှိုင်း ချီးကျူးသွားပါတယ် ။
နဗီးလ် က ” လတ်တလော ချဲလ်ဆီးပွဲတွေကို ကျွန်တော် ကြည့်တဲ့အခါ ၊ ကိုးလ်ပါလ်မာရဲ့ ပွဲအပေါ် နားလည်နိုင်စွမ်းက မယုံနိုင်ဖွယ်ရာပါ။ မယုံနိုင်ဖွယ်ကောင်းတဲ့ နည်းစနစ် အရည်အသွေးတွေ ၊ ဂိုးပေါက်ရှေ့ တည်ငြိမ်တဲ့ နေရာယူပုံတွေ သူ့မှာ ရှိပါတယ်။
၂၀၀၆ လောက်တုန်းက ရော်နယ်ဒို ၁၀ဂိုး ၊ ၁၅ဂိုး စသွင်းလာတော့ ကျွန်တော်က ‘ နေပါဦး ၊ ဒီချာတိတ်ဟာ သူလုပ်နေတဲ့ အရာကို သူ ကောင်းကောင်းသိတာပဲ ၊ သူဟာ ပြိုင်ဖက်ရဲ့ အားနည်းချက်တွေကို ထိုးနှက်နေတာ ‘ လို့ တွေးခဲ့မိပါတယ် ။
ပါလ်မာ လုပ်ပြနေတာက မန်ချက်စတာ ယူနိုက်တက်မှာ ရော်နယ်ဒို ကစားခဲ့တုန်းက လုပ်ပြခဲ့တဲ့ အရာတွေကို အမှတ်ရမိစေပါတယ် ။ ” လို့ ဆိုခဲ့ပါတယ်။
ဒီဘက်နှစ်တွေအတွင်း ယူနိုက်တက်ဟာ ကွင်းတွင်း အောင်မြင်မှု နည်းပါးသလို လူငယ်အဆင့်ကနေ ထိပ်တန်း ကစားသမား မွေးထုတ်နိုင်စွမ်းလည်း နည်းပါးလာနေတာ ဖြစ်ပါတယ်။