အသက် ငယ်ငယ်လေးနဲ့ U18 အသင်းမှာ လေ့ကျင့်နေပြီ ဖြစ်တဲ့ ယူနိုက်တက်ရဲ့ အံ့ဖွယ် လူငယ်လေး Kid Messi

မန်ချက်စတာ ယူနိုက်တက် ရဲ့ Kid Messi လို့ ခေါ်ဝေါ်ခြင်းခံနေရတဲ့ ယူနိုက်တက် လူငယ်ပါရမီရှင်လေးဟာ သူ့ထက် ၄ နှစ်ကြီးတဲ့ ကစားသမားများနှင့်အတူ လေ့ကျင့်ခန်း ဆင်းခွင့်ရနေပါတယ်။

အမည်ရင်း ဂျိုးဆက်ဖ် ဂျူနီယာ အင်ဒရူ ဂါဘရီရယ်ဖြစ်တဲ့ ဂျေဂျေဂါဘရီရယ်ဟာ ယူနိုက်တက်အကယ်ဒမီတွင် အလားအလာ အကောင်းဆုံးလူငယ်များထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။

ဂျေဂျေဂါဘရီရယ် ဟာ ယခုအပတ်တွင် အသက် ၁၄ နှစ်ပြည့်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ ပါရမီရှင်ကစားသမားတစ်ဦး ဖြစ်တာနဲ့အညီ သက်တူရွယ်တူများနှင့် လေ့ကျင့်ခန်းဆင်းခွင့်မရတော့ဘဲ ၄ နှစ်ကြီးတဲ့ ယူ-၁၈ အသင်းနှင့် လေ့ကျင့်ခန်းဆင်းရန် တိုးမြှင့်ခံလာရပါတယ်။

သူဟာ အသက် ၁၃ နှစ်အရွယ် ပြီးခဲ့တဲ့ရာသီတုန်းကလည်း ယူ-၁၆ သင်းမှာ ကစားခွင့်ခဲ့ရသူလည်း ဖြစ်ပါတယ်။

ဂျေဂျေဂါဘရီရယ် က ဟောင်ကောင်တွင် ကျင်းပတဲ့ ရာသီကြိုပြိုင်ပွဲတွင် ၂ ဂိုးသွင်းကာ ၂ ကြိမ် ဖန်တီးပြီးနောက် ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးခဲ့သူလည်း ဖြစ်ပါတယ်။

သူဟာ ယူနိုက်တက်ယူ-၁၈ အသင်းနှင့်အတူ လေ့ကျင့်ခန်း ဆင်းရတယ်ဆိုပေမဲ့ ကစားခွင့်တော့ ရလာဦးမှာ မဟုတ်ပါဘူး။

ဒါပေမယ့် ၎င်းအတွက် ယူ-၁၈ အသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းခွင့်ရမှုနှင့်အတူ အရည်အသွေးပိုမိုတောက်ပခွင့် ရရှိလာမှာ ဖြစ်ပါတယ်။

ဂျေဂျေဂါဘရီရယ်ဟာ လူငယ်ပါရမီရှင်တစ်ဦးဖြစ်တာနဲ့အညီ Nike ရဲ့ စပွန်ဆာစာချုပ်ချုပ်ဆိုခြင်းခံထားရပြီးလည်း ဖြစ်ပါတယ်။

သူဟာ ၂၀၂၁ ခုနှစ်ကတည်းက ယူနိုက်တက်အကယ်ဒမီမှာ ကစားလာသူ ဖြစ်ပါတယ်။