တန်ဟက်က ဆာအဲလက်စ် ဖာဂူဆန် ထက်တောင် တော်တယ်လေ လို့ ချီးကျူးလိုက်တဲ့ သရဲနီဟောင်း

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုးဟောင်းကြီး အန်ဒီ ကိုးလ်ကတော့ နည်းပြရာထူးအတွက် လှုပ်ခတ်မှုတွေ ရှိနေတဲ့ အဲရစ် တန်ဟက်ဘက်က ကာကွယ်လိုက်ပြီး တန်ဟက်က ဆာအဲလက်စ်တုန်းကထက်တောင် ကောင်းအောင် လုပ်ထားတယ်လို့ ဆိုလိုက်ပါတယ်။

ပရီးမီးယားလိဂ် ၇ ပွဲ ကစားပြီးချိန် ယူနိုက်တက် က အဆင့် ၁၄ နေရာမှာ ရှိနေပြီး အမှတ်ပေးဇယား ဦးဆောင် သူ လီဗာပူးနဲ့ ၁ဝ မှတ် ထိ ပြတ်နေခဲ့ပြီ ဖြစ်ပါတယ်။

တန်ဟက်က ပြီးခဲ့တဲ့ ရာသီကုန်တုန်းကလည်း ယူနိုက်တက်ကနေ ထုတ်ခံရဖို့ နီးစပ်ခဲ့သေးပြီး အဆုံးမှာ အသင်း တာဝန် ရှိသူတွေက နယ်သာလန်သားကို သက်တမ်း တစ်နှစ် ထပ်တိုးကာ ဆက်ထားဖို့ ဆုံးဖြတ်ခဲ့တာပါ။

သရဲနီ တိုက်စစ်မှုးဟောင်းကြီ အန်ဒီ ကိုးလ်ကတော့ တန်ဟက်ဟာ ယူနိုက်တက် အတွက် ဆုဖလား ၂ လုံး ဦးဆုံး ယူပေးထားတာမျိုးက ဆာအဲလက်စ် လို ဂန္တဝင် နည်းပြတောင် လုပ်နိုငခဲ့တာ မဟုတ်ဘူးလို့ ထောက်ပြလိုက်ပါတယ်။

” ယူနိုက်တက် ကလပ် သမိုင်းနဲ့ ချီပြီး Greatest နည်းပြ ဖြစ်တဲ့ ဆာအဲလက်စ် ဖာဂူဆန်တောင်မှ အသင်းနဲ့ ပထမ ၃ နှစ်တာ အတွင်း ဘာ ဆုဖလားမှ မယူနိုင်ခဲ့ပါဘူး။

နှစ်ရာသီ အတွင်း ဆုဖလား နှစ်လုံး ယူပေးဖို့ ဆိုတာ လွယ်တဲ့ ကိစ္စ မဟုတ်ဘူး။ တခြား သူတွေ ဘယ်လိုပဲ ပြောပြော ဒါ မလွယ်ဘူး။ လွယ်ကူတယ် ဆိုရင် လူတိုင်း လုပ်နေကြမှာပေါ့။ ” လို့ အန်ဒီကိုးလ်က တန်ဟက်ဘက်ကကနေ ပြောဆိုခဲ့တာပါ။

လက်ရှိ ယူနိုက်တက်နဲ့ စာချုပ် ၂၀၂၆ ထိ ရှိနေသေးပေမယ့် တန်ဟက်ဟာ ဖိအားအောက် ရောက်ရှိနေပြီး စောင့်ကြည့် ခံနေရပြီ ဖြစ်ပါတယ်။