ဂျော်ဂျင်ဟိုအတွက် ထူးဆန်းတဲ့ ဆင်ခြေ၊ ဝေဖန်ခံနေရတဲ့ တူချယ်နဲ့ ယနေ့ည ချဲလ်ဆီး သတင်းများ

စနေညကပွဲမှာ ချဲလ်ဆီး အနေနဲ့ မန်ယူကို သရေကျခဲ့ပြီးနောက်မှာတော့ မန်ယူ ဂန္တဝင် ရွိုင်ကိန်းကတော့ ဒီရာသီ ပရီးမီးယားလိဂ် ဖလားကို မန်စီးတီးပဲ ရမယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။ ကာရေဂါကလည်း ချဲလ်ဆီးကို ကျော်ပြီး မန်စီးတီးပဲ ဗိုလ်စွဲမယ်လို့ ကောက်ချက်ချခဲ့တာပါ။

မန်ယူနဲ့ ၁-၁ သရေကျသွားပေမယ့် ပွဲက သွင်းဂိုး ၂ ဂိုးလုံးကို ချဲလ်ဆီးကပဲ သွင်းယူပေးသွားရတယ်လို့ နည်းပြ တူချယ်က ပွဲအပြီးမှာ ဆိုခဲ့ပါတယ်။ မန်ယူအတွက် ဆန်ချို သွင်းခဲ့တဲ့ ဂိုးက ဂျော်ဂျင်ဟိုရဲ့ အမှားကနေ အခွင့်အရေး ရသွားတာ ဖြစ်ပါတယ်။

ချဲလ်ဆီးလက်ထောက်နည်းပြဟောင်း မောရစ်က မန်ယူနဲ့ပွဲက နည်းပြတူချယ်ရဲ့ လူစားလဲမှုတွေကို ဝေဖန်ခဲ့ပြီး ချဲလ်ဆီး အရန်ခုံမှာ အရည်အသွေးပြည့်ဝတဲ့ ကစားသမားတွေရှိကြောင်း၊ ဒါပေမဲ့ တူချယ်အနေနဲ့လူစားလဲမှု စောစောစီးစီး မလုပ်ခဲ့တာ အမှားဖြစ်ကြောင်း ဝေဖန်ခဲ့ပါတယ်။

ချဲလ်ဆီး ကစားသမားဟောင်း ဟယ်ဆယ်ဘိန့်က မန်ယူနဲ့ပွဲမှာ ချဲလ်ဆီး တိုက်စစ်မူှး ဝါနာရဲ့ စွမ်းဆောင်ရည်က အလွန် ဆိုးရွားခဲ့ကြောင်း၊ ဝါနာအနေနဲ့ ဘောလုံးရှိချိန်မှာရော၊ မရှိချိန်မှာရော ခြေစွမ်းပိုင်း ဆိုးရွားခဲ့ကြောင်း၊ ဝါနာအနေနဲ့ အခွင့်အရေးတွေကို အသုံးချနိုင်ဖို့ လိုအပ်နေကြောင်း ဝေဖန်ခဲ့ပါတယ်။

ချဲလ်ဆီး နည်းပြတူချယ်က မန်ယူနဲ့ပွဲမှာ ကွင်းလယ်လူ ဂျော်ဂျင်ဟိုရဲ့ အမှားနဲ့ပတ်သက်ပြီး ဒါဟာ ဂျော်ဂျင်ဟိုလို ကစားသမားမျိုးအတွက် ပုံမှန် မဟုတ်တဲ့ အမှားမျိုး ဖြစ်ကြောင်း၊ ဂျော်ဂျင်ဟိုအနေနဲ့ မီးရောင်ကြောင့် ဘောလုံးကို သေချာမြင်တွေ့ခဲ့ရခြင်းရှိကြောင်း တူချယ်က ကာကွယ်ပြောဆိုခဲ့ပါတယ်။

မန်စီးတီး ကွင်းလယ်လူ ဂန်ဒိုဂန်ကတော့ ချဲလ်ဆီးကွင်းလယ်လူ ကန်တီဟာ ကစားသမားဘဝတစ်လျှောက် သူ ရင်ဆိုင်ရ အခက်ဆုံးပြိုင်ဘက်ဖြစ်ကြောင်း၊ ကန်တီဟာ လုပ်အားနှုန်း ကောင်းမွန်ပြီး မယုံနိုင်စရာကောင်းတဲ့ ကစားသမား ဖြစ်ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။

ချဲလ်ဆီး ဂိုးသမားမန်ဒီဟာ ထိပ်တန်းအဆင့် ဂိုးသမားဖြစ်ကြောင်း ချဲလ်ဆီး လက်ထောက်နည်းပြဟောင်း မောရစ်က ချီးကျူးလိုက်ပြီး မန်ဒီဟာ အမြဲတမ်းပြုံးနေတတ်ပေမဲ့ တောင်းဆိုမှု မြင့်မားတဲ့ ကစားသမားဖြစ်တယ်လို့ ဆိုပါတယ်။ မန်ဒီရဲ့လက်က သူ့ရဲ့ ခေါင်းထက်တောင် ပိုပြီး မြင့်မားကြောင်း၊ မန်ဒီဟာ များစွာ တိုးတက်လာဦးမဲ့သူဖြစ်ကြောင်းပါ ၎င်းက ချီးကျူးခဲ့ပါတယ်။