ယူရို ၂၀၂၀ ျပိဳင္ပြဲရဲ႕ ခ်န္ပီယံ၊ ေရႊဖိနပ္ဆုနဲ႕ ေစာင့္ၾကည့္ရမယ့္ ကစားသမား ခန္႔မွန္းလိုက္တဲ့ ဖာဒီနန္

ယူ႐ို ၂၀၂၀မွာ ဘယ္အသင္းက ခ်န္ပီယံျဖစ္မယ္၊ ဘယ္သူကေတာ့ ေစာင့္ၾကည့္ရမယ့္ကစားသမားနဲ႔ သြင္းဂိုး အမ်ားဆုံး ကစားသမားျဖစ္မယ္ဆိုတာကို ဖာဒီနန္က ခန႔္မွန္းေျပာဆိုလိုက္ပါတယ္။ ယူ႐ို ၂၀၂၀ ပြဲစဥ္မ်ားအျဖစ္ ေသာၾကာေန႔မွာေတာ့ တူရကီႏွင့္ အီတလီတို႔က ကစားၾကမွာျဖစ္ၿပီး တနဂၤေႏြေန႔မွာေတာ့ အဂၤလန္ႏွင့္ ခ႐ိုေအးရွားတို႔က ကစားၾကမွာျဖစ္ပါတယ္။

ႏိုင္ငံ့ပြဲစဥ္တိုင္းမွာ ထိပ္တန္းအဆင့္အရည္အခ်င္းရွိတဲ့ ကစားသမားေတြက ေပၚထြက္လာစၿမဲျဖစ္ၿပီး လာမယ့္ ရက္သတၱပတ္ ၄ပတ္ အတြင္း ေရာ္နယ္ဒို၊ ၂၀၁၈ခုႏွစ္ ကမာၻ႔ဖလားမွာ ေ႐ႊဖိနပ္ဆုရရွိခဲ့တဲ့ ဟယ္ရီကိန္းတို႔ အပါအဝင္ နာမည္ႀကီးကစားသမားေတြကို ေတြ႕ရေတာ့မွာျဖစ္ပါတယ္။

ေစာင့္ၾကည့္ရမယ့္ကစားသမားက ဘယ္သူျဖစ္မလဲလို႔ Mirror Sport ကေမးရာတြင္ ဖာဒီနန္က “ေစာင့္ၾကည့္ရ မယ့္ကစားသမားကေတာ့ အမ္ဘာပီပဲျဖစ္မွာပါ။ ေနာက္ၿပီး လီဝန္ေဒါစကီးရဲ႕ လက္ေ႐ြးစင္အသင္းႏွင့္ လုပ္ေဆာင္ ပုံကိုလည္း ၾကည့္ခ်င္ပါတယ္”

“ေရာ္နယ္ဒိုရဲ႕ ကစားပုံကိုၾကည့္ရတာကိုလည္း သေဘာက်မိပါတယ္။ အဂၤလိပ္ကစားသမားေတြကိုလည္း ၾကည့္ ခ်င္ပါေသးတယ္”လို႔ ေျဖပါတယ္။ ထိပ္တန္း ဂိုးသြင္းရွင္အျဖစ္နဲ႔ေတာ့ ၿပိဳင္ပြဲမွာ အဂၤလန္အသင္းရဲ႕ ဘယ္အဆင့္ေလာက္အထိ တက္ႏိုင္မလဲဆိုတဲ့ အေပၚမွာပဲ မူတည္ေနပါတယ္လို႔ ဖာဒီနန္က ထင္ေနပါတယ္။ အဂၤလန္သာ ဆီမီးဖိုင္နယ္သို႔ေရာက္မယ္ဆိုရင္ ဟယ္ရီကိန္းက ေ႐ႊဖိနပ္ဆုကို ရရွိႏိုင္ပါတယ္”

“သူတို႔သာ ဆီမီးဖိုင္နယ္အထိ မေရာက္ခဲ့ဘူးဆိုရင္ေတာ့ အမ္ဘာပီျဖစ္မယ္လို႔ ထင္ပါတယ္။ ေနာက္ထပ္တစ္ေယာက္ကေတာ့ ျပင္သစ္တိုက္စစ္မႉး ဘန္ဇီးမားပါ။ ျပင္သစ္အသင္းဟာ ယူ႐ို ၂၀၂၀ မွာ ေရပန္စားေနတဲ့ အသင္းျဖစ္ၿပီး ဆုဖလားကိုရရွိသြားမလားဆိုတာကိုေတာ့ ဖာဒီနန္ကလည္း မေျပာႏိုင္ေနတာပါ။ ဘယ္အသင္း ခ်န္ပီယံျဖစ္မလဲလို႔ ေမးရာတြင္ “ ျပင္သစ္ျဖစ္မယ္”လို႔ ျပန္ေျဖပါတယ္။ ျပင္သစ္သာ ဆီမီးဖိုင္နယ္သို႔ ေရာက္ခဲ့မယ္ဆိုရင္ သူတို႔အသင္း အႏိုင္ရရွိမယ္လို႔ ထင္ပါတယ္။ ေပၚတူဂီလည္း ရရွိႏိုင္ၿပီး တိုက္စစ္အားသန္တဲ့အသင္းျဖစ္ကာ ကစားသမားေတြကလည္း အရမ္းကိုေကာင္းၾကပါတယ္”

အဂၤလန္ဟာ တနဂၤေႏြေန႔မွာေတာ့ ခ႐ိုေအးရွားႏွင့္ ကစားရမွာျဖစ္ၿပီး လြန္ခဲ့တဲ့ ၃ႏွစ္ ကမာၻ႔ဖလား ဆီမီးဖိုင္နယ္က ရႈံးေႂကြးကို ျပန္ဆပ္ဖို႔အတြက္ ေဆာက္ဂိတ္က ရည္မွန္းထားမွာလည္းျဖစ္ပါတယ္။ အဲ့ဒီပြဲမတိုင္ခင္ လက္ရွိႀကံ့ခိုင္မႈ အေနအထားေပၚ မူတည္ၿပီး အေကာင္းဆုံးကစားသမား ၁၁ ဦးကို ဖာဒီနန္က ေ႐ြးခ်ယ္ခဲ့ပါတယ္။

“လက္ရွိအဂၤလန္အသင္းရဲ႕ အေကာင္းဆုံး ၁၁ ဦးမွာ နည္းျပက ေနာက္တန္း ၃ဦးႏွင့္ ကစားသြားဖို႔ရွိေနတယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္။ ပစ္ဖို႔၊ ဂ်ိမ္းစ္၊ စတုန္း၊ ေရွာ၊ အားႏိုးလ္၊ ေမာင့္၊ ႐ိုက္စ္၊ ဆာကာ၊ ဆန္ခ်ိဳ၊ ကိန္း၊ ဖိုဒန္ တို႔ပဲျဖစ္မွာပါ။ ရက္ခ်္ဖို႔ဒ္ကေတာ့ ဒဏ္ရာ ရရွိေနတဲ့ပုံေပၚေနၿပီး အနားယူဖို႔ လိုအပ္ေနပါတယ္။ ပြဲထြက္စာရင္းမွာ စတာလင္က မပါဝင္ႏိုင္ေသးေသာ္လည္း ပါဝင္လာၿပီး ေျခစြမ္းျပသေစခ်င္ပါတယ္။ ၃လ နီးပါးေလာက္ နားထားရတာျဖစ္တဲ့အတြက္ ပထမဆုံးပြဲမွာေတာ့ ဟန္ဒါဆင္ ပါဝင္ႏိုင္မယ္လို႔ေတာ့ မထင္ပါဘူး”လို႔ ဖာဒီနန္က ေျပာပါတယ္။

Unicode

ယူရို ၂၀၂၀မှာ ဘယ်အသင်းက ချန်ပီယံဖြစ်မယ်၊ ဘယ်သူကတော့ စောင့်ကြည့်ရမယ့်ကစားသမားနဲ့ သွင်းဂိုး အများဆုံး ကစားသမားဖြစ်မယ်ဆိုတာကို ဖာဒီနန်က ခန့်မှန်းပြောဆိုလိုက်ပါတယ်။ ယူရို ၂၀၂၀ ပွဲစဉ်များအဖြစ် သောကြာနေ့မှာတော့ တူရကီနှင့် အီတလီတို့က ကစားကြမှာဖြစ်ပြီး တနင်္ဂနွေနေ့မှာတော့ အင်္ဂလန်နှင့် ခရိုအေးရှားတို့က ကစားကြမှာဖြစ်ပါတယ်။

နိုင်ငံ့ပွဲစဉ်တိုင်းမှာ ထိပ်တန်းအဆင့်အရည်အချင်းရှိတဲ့ ကစားသမားတွေက ပေါ်ထွက်လာစမြဲဖြစ်ပြီး လာမယ့် ရက်သတ္တပတ် ၄ပတ် အတွင်း ရော်နယ်ဒို၊ ၂၀၁၈ခုနှစ် ကမ္ဘာ့ဖလားမှာ ရွှေဖိနပ်ဆုရရှိခဲ့တဲ့ ဟယ်ရီကိန်းတို့ အပါအဝင် နာမည်ကြီးကစားသမားတွေကို တွေ့ရတော့မှာဖြစ်ပါတယ်။

စောင့်ကြည့်ရမယ့်ကစားသမားက ဘယ်သူဖြစ်မလဲလို့ Mirror Sport ကမေးရာတွင် ဖာဒီနန်က “စောင့်ကြည့်ရ မယ့်ကစားသမားကတော့ အမ်ဘာပီပဲဖြစ်မှာပါ။ နောက်ပြီး လီဝန်ဒေါစကီးရဲ့ လက်ရွေးစင်အသင်းနှင့် လုပ်ဆောင် ပုံကိုလည်း ကြည့်ချင်ပါတယ်”

“ရော်နယ်ဒိုရဲ့ ကစားပုံကိုကြည့်ရတာကိုလည်း သဘောကျမိပါတယ်။ အင်္ဂလိပ်ကစားသမားတွေကိုလည်း ကြည့် ချင်ပါသေးတယ်”လို့ ဖြေပါတယ်။ ထိပ်တန်း ဂိုးသွင်းရှင်အဖြစ်နဲ့တော့ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းရဲ့ ဘယ်အဆင့်လောက်အထိ တက်နိုင်မလဲဆိုတဲ့ အပေါ်မှာပဲ မူတည်နေပါတယ်လို့ ဖာဒီနန်က ထင်နေပါတယ်။ အင်္ဂလန်သာ ဆီမီးဖိုင်နယ်သို့ရောက်မယ်ဆိုရင် ဟယ်ရီကိန်းက ရွှေဖိနပ်ဆုကို ရရှိနိုင်ပါတယ်”

“သူတို့သာ ဆီမီးဖိုင်နယ်အထိ မရောက်ခဲ့ဘူးဆိုရင်တော့ အမ်ဘာပီဖြစ်မယ်လို့ ထင်ပါတယ်။ နောက်ထပ်တစ်ယောက်ကတော့ ပြင်သစ်တိုက်စစ်မှူး ဘန်ဇီးမားပါ။ ပြင်သစ်အသင်းဟာ ယူရို ၂၀၂၀ မှာ ရေပန်စားနေတဲ့ အသင်းဖြစ်ပြီး ဆုဖလားကိုရရှိသွားမလားဆိုတာကိုတော့ ဖာဒီနန်ကလည်း မပြောနိုင်နေတာပါ။ ဘယ်အသင်း ချန်ပီယံဖြစ်မလဲလို့ မေးရာတွင် “ ပြင်သစ်ဖြစ်မယ်”လို့ ပြန်ဖြေပါတယ်။ ပြင်သစ်သာ ဆီမီးဖိုင်နယ်သို့ ရောက်ခဲ့မယ်ဆိုရင် သူတို့အသင်း အနိုင်ရရှိမယ်လို့ ထင်ပါတယ်။ ပေါ်တူဂီလည်း ရရှိနိုင်ပြီး တိုက်စစ်အားသန်တဲ့အသင်းဖြစ်ကာ ကစားသမားတွေကလည်း အရမ်းကိုကောင်းကြပါတယ်”

အင်္ဂလန်ဟာ တနင်္ဂနွေနေ့မှာတော့ ခရိုအေးရှားနှင့် ကစားရမှာဖြစ်ပြီး လွန်ခဲ့တဲ့ ၃နှစ် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်က ရှုံးကြွေးကို ပြန်ဆပ်ဖို့အတွက် ဆောက်ဂိတ်က ရည်မှန်းထားမှာလည်းဖြစ်ပါတယ်။ အဲ့ဒီပွဲမတိုင်ခင် လက်ရှိကြံ့ခိုင်မှု အနေအထားပေါ် မူတည်ပြီး အကောင်းဆုံးကစားသမား ၁၁ ဦးကို ဖာဒီနန်က ရွေးချယ်ခဲ့ပါတယ်။

“လက်ရှိအင်္ဂလန်အသင်းရဲ့ အကောင်းဆုံး ၁၁ ဦးမှာ နည်းပြက နောက်တန်း ၃ဦးနှင့် ကစားသွားဖို့ရှိနေတယ်လို့ ကျွန်တော် ထင်ပါတယ်။ ပစ်ဖို့၊ ဂျိမ်းစ်၊ စတုန်း၊ ရှော၊ အားနိုးလ်၊ မောင့်၊ ရိုက်စ်၊ ဆာကာ၊ ဆန်ချို၊ ကိန်း၊ ဖိုဒန် တို့ပဲဖြစ်မှာပါ။ ရက်ချ်ဖို့ဒ်ကတော့ ဒဏ်ရာ ရရှိနေတဲ့ပုံပေါ်နေပြီး အနားယူဖို့ လိုအပ်နေပါတယ်။ ပွဲထွက်စာရင်းမှာ စတာလင်က မပါဝင်နိုင်သေးသော်လည်း ပါဝင်လာပြီး ခြေစွမ်းပြသစေချင်ပါတယ်။ ၃လ နီးပါးလောက် နားထားရတာဖြစ်တဲ့အတွက် ပထမဆုံးပွဲမှာတော့ ဟန်ဒါဆင် ပါဝင်နိုင်မယ်လို့တော့ မထင်ပါဘူး”လို့ ဖာဒီနန်က ပြောပါတယ်။