နောက်ဆုံးအဆင့် ရောက်နေပြီ ဖြစ်တဲ့ မိုင်နူးနဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ စာချုပ်သစ် ညှိနှိုင်းမှု အခြေအနေ
မန်ချက်စတာယူနိုက်တက်အသင်းဟာ ကွင်းလယ် ကြယ်ပွင့် ကစားသမားလေး ကိုဘီမိုင်နူးကို စာချုပ်သစ်ချုပ်ဆိုဖို့နီးစပ်နေပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မလလောက်ကတည်းက ယူနိုက်တက်ဘက်က မိုင်နူးအတွက် စတင် ကမ်းလှမ်းမှုတွေပြုလုပ်ခဲ့တာဖြစ်ပြီး အခုလက်ရှိမှာတော့ နောက်ဆုံးအဆင့်ကိုရောက်ရှိနေပြီဖြစ်ပါတယ်။
ဒါပေမယ့် ယူနိုက်တက်အသင်းဟာ ရှုပ်ထွေးနေတဲ့အသင်းရဲ့ပြဿနာတွေကြောင့် အလျင်စလို လုပ်ဆောင်သွားမှာ မဟုတ်ဘဲ မိုင်နူးရဲ့အနာဂတ်အတွက် အေးအေးဆေးဆေးပဲ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

စာချုပ်သစ်မှာတော့ ယူနိုက်တက်ဟာ မိုင်နူးအတွက် ယခုထက် ပိုမိုများပြာတဲ့လုပ်ခလစာအပြင် အခြားအကျိုးခံစားခွင့်တွေလဲ ထည့်သွင်း ပါရှိမှာဖြစ်ပါတယ်။
မိုင်နူးဟာ ယူနိုက်တက် အတွက် အားထားရတဲ့ ကစားသမား တစ်ဦး ဖြစ်လာနေပြီး ပြီးခဲ့တဲ့ရာသီ PFA တစ်နှစ်တာ အကောင်းဆုံး လူငယ် ကစားသမားဆု အတွက် ဆန်ခါတင် ၆ ဦးစာရင်းမှာ ပါဝင်ခဲ့သေးတာပါ။
ငယ်ရွယ်သေးပေမယ့် အရွယ်နဲ့ မမျှအောင် ရင့်ကျက် သွေးအေးမှုကို ပြသနေတဲ့ မိုင်နူးဟာ ယူနိုက်တက်ရဲ့ အနာဂတ် ပလန်တွေထဲမှာ ပါဝင်နေတဲ့ ကြယ်ပွင့်လေး ဖြစ်ပါတယ်။