၁ဝ နှစ်ကျော် ငယ်တဲ့ လူငယ် ဂိုးသမားလေးကတောင် မခန့်တော့ဘဲ စိန်ခေါ် ခံနေရတဲ့ ဒိုလေး
အာဆင်နယ်အသင်း ဂိုးသမား ဖြစ်သူ ရမ်စ်ဒယ်ကတော့ ဒီ ကြားရက်မှာ ယှဉ်ပြိုင် ကစားရမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ပွဲစဉ် အတွက် ရော်နယ်ဒိုနဲ့ ရင်ဆိုင်ဖို့ အဆင်သင့်ပဲလို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။
အင်္ဂလန် လက်ရွေးစင် ဂိုးသမား ရမ်စ်ဒယ်ဟာ ဒီရာသီ အစကမှ ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားတဲ့ ရှက်ဖီးလ် ယူနိုက်တက်အသင်း ကနေ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၂၈သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူပါ။ အသက် ၂၃နှစ် အရွယ်သာ ရှိေးပြီး ရော်နယ်ဒိုထက်လည်း ၁ဝ နှစ်ကျော် ငယ်ရွယ်သူပါ။
ရမ်စ်ဒယ်ဟာ ယူနိုက်တက်အသင်းရဲ့ နာမည်ကျော် ဝါရင့် တိုက်စစ်မှူး ရိုနယ်ဒိုနဲ့ ရင်ဆိုင်ရဖို့ ရှိနေပြီး ရမ်စ်ဒယ်ကတော့ ရိုနယ်ဒိုနဲ့ ပြိုင်ဘက်အဖြစ် ရင်ဆိုင်ဖို့ဟာ သူ့ရဲ့ အိမ်မက်တခု ဖြစ်ကြောင်းနဲ့ ရိုနယ်ဒိုကို ရင်ဆိုင်ဖို့ အဆင်သင့် ဖြစ်နေကြောင်း ထုတ်ဖော် ပြောကြားလာပါတယ်။

ရမ်စ်ဒယ်က – “ရိုနယ်ဒိုနဲ့ ရင်ဆိုင်ရတော့မယ် ဆိုတဲ့ အသိက အတော်လေးကို ထူးဆန်းပါတယ်။ အဲ့ဒါက အမှ န်တကယ် ဖြစ်လာဖို့လည်း မျှော်လင့်ထားပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ရိုနယ်ဒိုက ကျွန်တော့်ရဲ့ အရည်အချင်းကို စမ်းသပ်နိုင်တဲ့လူ ဖြစ်နေလို့ပါ။
တခါတလေတော့ ဂိုးသမား တယောက်က သိပ်မဖမ်းရပဲနဲ့ ပွဲတပွဲကို အေးအေးဆေးဆေး ဖြတ်ကျော်ချင်ကြပါတယ်။ ဒါပေမယ့် တကယ့် ထိပ်တန်း ကစားသမားတွေနဲ့ ပြိုင်ဘက် အဖြစ် ရင်ဆိုင်နေရတဲ့ အချိန်က ပိုကောင်းပါတယ်။ ကျွန်တော်က ရိုနယ်ဒိုနဲ့ ရင်ဆိုင်ဖို့ အစွမ်းကုန် ပြင်ဆင်ထားပြီး အဆင့်သင့်လည်း ဖြစ်နေပါပြီ” လို့ ပြောကြား သွားခဲ့တာပါ။
ရမ်စ်ဒယ်ဟာ အာဆင်နယ်အသင်းဆီ စတင် ရောက်ရှိတဲ့ အချိန်ထဲက အသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်လာသလို ယခုနှစ် ပရီးမီးယားလိဂ် ဘောလုံးရာသီမှာလည်း ၁၀ပွဲ ပါဝင် ကစားထားရာ ၆ပွဲ အထိ ပေးဂိုး မရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ပေးဂိုးကလည်း ၈ဂိုးသာ ရှိခဲ့ပါတယ်။

ZG
အာဆင္နယ္အသင္း ဂိုးသမား ျဖစ္သူ ရမ္စ္ဒယ္ကေတာ့ ဒီ ၾကားရက္မွာ ယွဥ္ၿပိဳင္ ကစားရမယ့္ မန္ခ်က္စတာ ယူႏိုက္တက္အသင္းနဲ႔ ပြဲစဥ္ အတြက္ ေရာ္နယ္ဒိုနဲ႕ ရင္ဆိုင္ဖို႔ အဆင္သင့္ပဲလို႔ ထုတ္ေဖာ္ ေျပာဆိုသြားခဲ့ပါတယ္။
အဂၤလန္ လက္ေ႐ြးစင္ ဂိုးသမား ရမ္စ္ဒယ္ဟာ ဒီရာသီ အစကမွ ပရီးမီးယားလိဂ္ကေန တန္းဆင္းသြားတဲ့ ရွက္ဖီးလ္ ယူႏိုက္တက္အသင္း ကေန အာဆင္နယ္အသင္းထံ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၂၈သန္းနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့သူပါ။ အသက္ ၂၃ႏွစ္ အ႐ြယ္သာ ရွိေးျပီး ေရာ္နယ္ဒိုထက္လည္း ၁ဝ နွစ္ေက်ာ္ ငယ္ရြယ္သူပါ။
ရမ္စ္ဒယ္ဟာ ယူႏိုက္တက္အသင္းရဲ႕ နာမည္ေက်ာ္ ဝါရင့္ တိုက္စစ္မႉး ႐ိုနယ္ဒိုနဲ႔ ရင္ဆိုင္ရဖို႔ ရွိေနၿပီး ရမ္စ္ဒယ္ကေတာ့ ႐ိုနယ္ဒိုနဲ႔ ၿပိဳင္ဘက္အျဖစ္ ရင္ဆိုင္ဖို႔ဟာ သူ႔ရဲ႕ အိမ္မက္တခု ျဖစ္ေၾကာင္းနဲ႔ ႐ိုနယ္ဒိုကို ရင္ဆိုင္ဖို႔ အဆင္သင့္ ျဖစ္ေနေၾကာင္း ထုတ္ေဖာ္ ေျပာၾကားလာပါတယ္။
ရမ္စ္ဒယ္က – “႐ိုနယ္ဒိုနဲ႔ ရင္ဆိုင္ရေတာ့မယ္ ဆိုတဲ့ အသိက အေတာ္ေလးကို ထူးဆန္းပါတယ္။ အဲ့ဒါက အမွ န္တကယ္ ျဖစ္လာဖို႔လည္း ေမွ်ာ္လင့္ထားပါတယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ ႐ိုနယ္ဒိုက ကြၽန္ေတာ့္ရဲ႕ အရည္အခ်င္းကို စမ္းသပ္ႏိုင္တဲ့လူ ျဖစ္ေနလို႔ပါ။
တခါတေလေတာ့ ဂိုးသမား တေယာက္က သိပ္မဖမ္းရပဲနဲ႔ ပြဲတပြဲကို ေအးေအးေဆးေဆး ျဖတ္ေက်ာ္ခ်င္ၾကပါတယ္။ ဒါေပမယ့္ တကယ့္ ထိပ္တန္း ကစားသမားေတြနဲ႔ ၿပိဳင္ဘက္ အျဖစ္ ရင္ဆိုင္ေနရတဲ့ အခ်ိန္က ပိုေကာင္းပါတယ္။ ကြၽန္ေတာ္က ႐ိုနယ္ဒိုနဲ႔ ရင္ဆိုင္ဖို႔ အစြမ္းကုန္ ျပင္ဆင္ထားၿပီး အဆင့္သင့္လည္း ျဖစ္ေနပါၿပီ” လို႔ ေျပာၾကား သြားခဲ့တာပါ။
ရမ္စ္ဒယ္ဟာ အာဆင္နယ္အသင္းဆီ စတင္ ေရာက္ရွိတဲ့ အခ်ိန္ထဲက အသင္းရဲ႕ နံပါတ္တစ္ ဂိုးသမား ျဖစ္လာသလို ယခုႏွစ္ ပရီးမီးယားလိဂ္ ေဘာလုံးရာသီမွာလည္း ၁၀ပြဲ ပါဝင္ ကစားထားရာ ၆ပြဲ အထိ ေပးဂိုး မရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ၿပီး ေပးဂိုးကလည္း ၈ဂိုးသာ ရွိခဲ့ပါတယ္။