ရွန်းနီက မဟုတ်တမ်းတရား ပြောနေတာပဲလို့ ပြန်တုန့်ပြန်လိုက်တဲ့ ပေါ့ဘာ.. ပွဲကတော့ ကောင်းနေပြီ
မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် တိုက်စစ်မှုးဟောင်း ဝိန်း ရွန်းနီက ပြင်သစ် ကွင်းလယ်ကစားသမား ပေါ့ဘာ ဟာ အသင်းရှုံးပွဲတွေ့ပြီးနောက်မှာတောင်မှ အဝတ်လဲခန်းထဲမှာ ကခုန်နေခဲ့တယ်လို့ ပြောဆိုခဲ့ပြီး ပေါ့ဘာက အဲဒီမှတ်ချက်ကို ပြန်လည် တုံ့ပြန်လိုက်ပြီ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်က ရှုံးပွဲတွေ့ပြီးတဲ့နောက်မှာတောင် ၎င်းနဲ့ ဂျက်ဆီ လင်ဂတ်တို့အတူ အဝတ်လဲခန်းထဲမှာ ကခုန်နေကြတာကို မြင်တွေ့ခဲ့တယ် ဆိုခဲ့တဲ့ ဝိန်း ဝိန်း ရွန်းနီရဲ့ မှတ်ချက်ကြောင့် ပေါ့ဘာက ဒေါသထွက်ခဲ့တာဖြစ်ပါတယ်။
ပေါ့ဘာဟာ ဝိန်း ရွန်းနီရဲ့ ပြောကြားချက်ကို တိုက်ရိုက် တုံ့ပြန်ဖို့ ဆုံးဖြတ်ခဲ့ပြီး Sky Sports နဲ့ တွေ့ဆုံခဲ့ရာမှာ အခုလို တည့် ပြောဆိုလိုက်ပါတယ်။

“ကျွန်တော် ဒီကိစ္စကို ရှင်းချင်တယ်။ ဝိန်း ရွန်းနီ က ကျွန်တော်တို့ ရှုံးပွဲတွေ့ပြီးတဲ့နောက် ကျွန်တော်ရယ် ဂျက်ဆီရယ် အဝတ်လဲခန်းထဲမှာ ကခုန်နေကြတယ်လို့ ပြောတာ ကြားခဲ့တယ်။
ခင်ဗျား စကားတခွန်းကို ကြားရင် အမြဲတမ်း မျက်မြင် သက်သေရှိဖို့လိုတယ်။ ဟုတ်တယ်နော်။ ဝိန်း ရွန်းနီ ပြောခဲ့တာကို တစ်ယောက်ယောက်က အတည်ပြုနိုင်ရင်တော့ ကျွန်တော် သူပြောတဲ့စကားက အမှန်ဆိုတာ လက်ခံပေးမယ်။ အဲဒီလိုမဟုတ်ဘူးဆိုရင်တော့ ဒါက မဟုတ်တမ်းတရားပြောတာပဲ။
လင်ဂတ်လည်း ဘယ်တုန်းကမှ အတည်မပြုခဲ့ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်က ရှုံးနိမ့်ရင် အရမ်းကို စိတ်ဆိုးတတ်တဲ့သူဖြစ်ပြီး အသင်းကိုလည်း လေးစားမှုရှိလို့ပါ။
ဝိန်း ရွန်းနီလို အသင်းဂန္တဝင်က အဝတ်လဲခန်းထဲမှာ ထိုင်ပြီး အဲဒီလို ရှုံးပွဲအပြီးမှာ ကျွန်တော်တို့ ကခုန်နေတာကို ဘာမှ မပြောဘဲ နေမယ်လို့ ခင်ဗျား ထင်လို့လား”လို့ ပြောဆိုခဲ့ပါတယ်။
ဝိန်း ရွန်းနီ နဲ့ ပေါ့ဘာတို့ထဲ ဘယ်သူက အမှန် ကို ပြောနေတာ ဖြစ်မလဲဗျာ.. ခေါင်းစားပြီ။