စနေည အိုးထရက်ဖို့ဒ်မှာ မန်ယူက ဘရန့်ဖို့ဒ်ကို ဘယ်နှဂိုးနဲ့ အနိုင်ယူမလဲ ခရစ်ဆက်တန် သုံးသပ်

မန်ချက်စတာ ယူနိုက်တက် က ဒီအပတ် ပရီးမီးယားလိဂ်မှာ ဘရန့်ဖို့ဒ် အသင်းနဲ့ တွေ့နေပြီး အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားမှာပါ။ ပွဲချိန်ကတော့ ဒီ စနေနေ့ ည ၈ နာရီခွဲ ဖြစ်ပါတယ်။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန်က ယူနိုက်တက်နဲ့ ဘရန့်ဖို့ဒ်တို့ ပွဲ အတွက် ကြိုတင် သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။

ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်

ြပြီးခဲ့တဲ့ရာသီ ဒီလိုပွဲမှာ ဘရန့်ဖို့ဒ်က စောစောပဲ ဂိုးသွင်းသွားခဲ့တယ်။ ဒါပေမယ့် ပွဲပြီးခါနီးမှာ တော်မီနေးက ၂ ဂိုး သွင်းခဲ့တာကြောင့် ယူနိုက်တက် တို့ အနိုင်ရခဲ့တယ်။ တကယ်တော့ အဲဒီပွဲကနေ ယူနိုက်တက်တို့ ဘာမှ ရဖို့ ထိုက်တန်ခဲ့တာ မဟုတ်ဘူး။

ဒီတကြိမ်ကော? ယူနိုက်တက် နည်းပြ အဲရစ်တန်ဟက်ကတော့ နိုင်ပွဲ လိုအပ်နေပြီ။ သူ့ အသင်းက အမှတ်ပေးဇယားမှာ အဆင့် ၁၄ ရောက်နေတယ်။ လိဂ်ပွဲ ၇ ပွဲမှာ ၅ ဂိုးပဲ သွင်းပြီး ဒုတိယ ပူးတွဲ ဂိုးသွင်း အနည်းဆုံး အသင်းလည်း ဖြစ်နေသေးတယ်။

ဒီ Logic အရ တွေးမယ် ဆိုရင်တော့ ဘရန့်ဖို့ဒ်က အဝေးကွင်းမှာ တစ်မှတ် ရယူသွားနိုင်ပါတယ်။ သူတို့က ဒီရာသီ ပိုကောင်းတဲ့ အသင်း ဖြစ်နေခဲ့တာကြောင့်ပါ။ သူတို့က စောစော ဂိုးသွင်းရတာလည်း ကြိုက်တော့ ပွဲကို အစောတည်းက ဦးဆောင်ထားတာ ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် .. ကျွန်တော် စိတ်ထဲမှာ ဒီတကြိမ် ယူနိုက်တက်က အသာရသွားမယ်လို့ ထင်နေတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့။ ဒါက ဘကြောင့်လဲ ကျွန်တော်လည်း မသိဘူး။

အချက်အလက် ဆရာကြီး ဒေ့ဗ် ကတော့ ဒီပွဲ ယူနိုက်တက် ၂-၁ နဲ့ နိုင်မယ် ပြောထားတယ်ဗျ။ ဒီတော့ ကျွန်တော်လည်း ဒေ့ဗ် ခန့်မှန်းချက်ကိုပဲ လိုက် ယူလိုက်မယ်ဗျာ။ သူမှန်းတဲ့ အတိုင်း ဖြစ်လာဖို့ မျှော်လင့်ပါတယ်။

ခရစ်ဆက်တန် ခန့်မှန်းရလဒ်

မန်ချက်စတာ ယူနိုက်တက် ၂-၁ ဘရန့်ဖို့ဒ် ဖြစ်ပါတယ်။