အလန်ရှီးယားကတော့ ဒီည ဘရန့်ဖို့ဒ်ကို အိုးထရက်ဖို့ဒ်မှာ မန်ယူ မနိုင်ဘူး လို့ ကြိုတင် ခန့်မှန်းချက် ထုတ်လိုက်ပါတယ်
ဒီည ပရီးမီးယားလိဂ် မှာ မန်ချက်စတာ ယူနိုက်တက် က ဘရန့်ဖို့ဒ် အသင်းနဲ့ တွေ့နေပြီး အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားမှာပါ။ ပွဲချိန်ကတော့ စနေနေ့ ည ၈ နာရီခွဲ ဖြစ်ပါတယ်။
နယူးကာဆယ်နဲ့ ပရီးမီးယားလိဂ် ဂန္တဝင် တိုက်စစ်မှုးဟောင်းကြီး အလန်ရှီးယား က ယူနိုက်တက်နဲ့ ဘရန့်ဖို့ဒ်တို့ ပွဲ ဟာ အရှုံး အနိုင် မထွက်နိုင်ဘဲ သရေပဲ ထွက်မယ် ခန့်မှန်းထားပါတယ်။
” ဒီပွဲ မန်ချက်စတာ ယူနိုက်တက် အတွက် အန္တရာယ်များတဲ့ ပွဲပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ဘရန့်ဖို့ဒ်က ဒီရာသီ ပွဲတွေကို ခပ်မြန်မြန်ပဲ စတင်တာကို ကျွန်တော်တို့ မြင်ထားတယ်။
သူတို့ မန်စီးတီးကိုလည်း ပြသနာတွေ ပေးခဲ့တယ်။ ကောင်တာကနေ ကစားသမားတွေ အများကြီး တိုက်စစ်ကို ဝင်လာတယ်။
ဒီပွဲကလည်း ခက်ခဲမှာပါ။ ဘရန့်ဖို့ဒ်က ဒီပွဲ သွား ကစားတဲ့ အခါ ရဲရဲရင့်ရင့်နဲ့ ဖွင့် ကစားပြီး ပုံမှန် ပွဲ တစ်ပွဲလိုပဲ ကစားသွားပါလိမ့်မယ်။ ဒီပွဲကနေ အမှတ် တခုခုတော့ သူတို့ ရနိုင်တယ်။
သူတို့သာ ပွဲကို အစကောင်းသွားရင် အဲရစ်တန်ဟက်နဲ့ သူ့ကစားသမားတွေ အပေါ် အိုးထရက်ဖို့ဒ်မှာ ဘယ်လောက် ဖိအားတွေ ကျရောက်သွားမလဲ တွေးကြည့်လို့ ရပါတယ်။
ကျွန်တော်ကတော့ ဒီပွဲ သရေ ပဲ လို့ ထင်တယ်။ ” လို့ အလန်ရှီးယားက ကြိုတင် သုံးသပ်ခန့်မှန်း ခဲ့တာ ဖြစ်ပါတယ်။