မန်ယူက တပွဲကလွဲလို့ ပွဲတိုင်း ခြေစွမ်းကောင်းခဲ့တာလို့ ဘရန့်ဖို့ဒ် ပွဲအပြီးမှာ ဂုဏ်ဆာလိုက်တဲ့ အဲရစ်တန်ဟက်

မန်ချက်စတာ ယူနိုက်တက်ဟာ မနေ့ညက အိမ်ကွင်းမှာ ဂနာချို၊ ဟွိုင်လန်းတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ဘရန့်ဖိုဒ့်ကို အနိုင်ယူကာ လမ်းကြောင်းမှန်ပေါ် ပြန်တက်လာခဲ့ပါတယ်။

ဒီပွဲမှာ ဘရန့်ဖိုဒ့်က ဦးဆောင်ဂိုး အရင်သွင်းခဲ့ပေမယ့် ဒုတိယပိုင်းမှာ ကစားပုံ ပိုကောင်းလာတဲ့ ယူနိုက်တက်တို့က သွင်းဂိုးအတွက် အခွင့်အရေးတွေ ဖန်တီးယူသွားခဲ့တာပါ။

ဒီ ဘရန့်ဖို့ဒ် နိုင်ပွဲ ရလဒ်ဟာ တန်ဟက်ရဲ့ နည်းပြရာထူးကို အချိန်တစ်ခုတော့ စိတ်အေးရစေပါလိမ့်မယ်။

“ကျနော်တို့အသင်းက ရလဒ်ပိုင်းအကြီးအကျယ် ကျဆင်းပြီးတဲ့နောက် ဘရန့်ဖို့ဒ်နဲ့ပွဲကို အနိုင်ကစားဖို့ စိတ်ဆုံးဖြတ်ခဲ့ကြပါတယ်။ တကယ်ကို ကျေနပ်ရပြီး ကြီးကျယ်ခမ်းနားတဲ့ ပုံစံကို ပြသနိုင်ခဲ့ပါတယ်”

“ကျနော်တို့ ကစားပုံမကောင်းခဲ့တာဆိုလို့ စပါးနဲ့တစ်ပွဲတည်း ရှိပါတယ်။ အဲ့ဒီပွဲမှာတောင် (၁၀) ယောက်တည်းနဲ့ ကစားလိုက်ရလို့ပါ။ ကျန်တဲ့ပွဲတွေအားလုံးမှာ ကျနော်တို့က ကိုယ်တည်ဆောက်ထားတဲ့ ပုံစံတစ်ခုကို ပြသနိုင်ခဲ့ပါတယ်။

ဒီပွဲက နိုင်ပွဲတစ်ပွဲလောက်တင်ပါပဲ။ သိပ်ပြီးလည်း ချဲ့ကားမနေကြပါနဲ့။ ကျနော်တို့က ပွဲတိုင်းကိုတောင် နိုင်နေရမှာပါ။ ” လို့ ပွဲအပြီးမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။