မန်ယူ ကစားသမားတွေ ဘာရှောင်ရမလဲ အသိပေး မှာကြားနေတဲ့ နည်းပြ တန်ဟက်

မန်ချက်စတာယူနိုက်တက် နည်းပြ အဲရစ်တန်ဟက်က ၎င်းတို့အသင်းအနေဖြင့် နောက်ထပ် ဒဏ်ရာပြဿနာ ထပ်မံ ကြုံတွေ့လာရခြင်း မရှိအောင် ရှောင်ရှားသွားရမည် ဖြစ်ကြောင်း ပြောကြားလာပါတယ်။

ယူနိုက်တက်ဟာ ကြာသပတေးနေ့တွင် ဖီနာဘာချီနှင့် ယူရိုပါလိဂ်ပွဲ ကစားရမှာ ဖြစ်ပြီး ယင်းပွဲတွင် ပထမအသင်း ကစားသမား ၁၀ ဦးအထိ မပါဝင်ဘဲ ရင်ဆိုင်ရပါမယ်။

အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်မှာ ပွဲပယ်ကြောင့် လွဲချော်လာမှာ ဖြစ်ပြီး ဝါရင့်ဗဟိုနောက်ခံလူဂျွန်နီအီဗန့်မှာလည်း စနေနေ့တုန်းက ဘရန့်ဖို့ဒ်နိုင်ပွဲတွင် ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် လွဲချော်ပါမယ်။

ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူလာခဲ့ရတဲ့ မာလာစီယာ၊ မေဆင်မောင့်၊ တိုင်ရဲလ်မာလာစီယာတို့မှာ ဆက်လက် အနားယူနေရတုန်း ဖြစ်ပါတယ်။ ပေါင် ၅၂ သန်းဖြင့်‌ ခေါ်ယူထားတဲ့ လီနီရိုယိုမှာ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ပြီ ဖြစ်ပေမဲ့ ရက်သတ္တပတ်အနည်းငယ် စောင့်ဆိုင်းရဖို့ ရှိပါသေးတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရာသီတုန်းကလည်း ဒဏ်ရာပြဿနာများ ဆက်တိုက် ကြုံရကာ ရလဒ်ကောင်း ဆက်တိုက် ရယူနိုင်ရေး ရုန်းကန်ခဲ့ရပါတယ်။ ယခုရာသီတွင်လည်း ယူနိုက်တက်ဟာ ယင်းသို့ ထပ်မံ မကြုံရအောင် ရှောင်ရှားရမဲ့ အခြေအနေကြုံနေရပါတယ်။

အဲရစ်တန်ဟက်က “နောက်ထပ် ဒဏ်ရာပြဿနာတွေ ထပ်မကြုံဖို့ မျှော်လင့်တယ်။ မဟုတ်ရင်တော့ လူအင်အား အရမ်းနည်းလာလိမ့်မယ်”လို့ ပြောကြားသွားပါတယ်။

ဆက်လက်ပြီး အဲရစ်တန်ဟက်က မေဆင်မောင့်မှာ ပြန်လည်ကစားနိုင်ရေးအတွက် ထင်မှတ်ထားတာ ပိုမို ကြာနေကြောင်းလည်း ဆိုသွားပါတယ်။

သူဟာ စက်တင်ဘာလ ၂၉ ရက်နေ့တုန်းက စပါးစ်နှင့်ပွဲပြီးကတည်းက အနားယူလာခဲ့ရတာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ မေဆင်မောင့်မှာ ဘယ်လို ဒဏ်ရာကြောင့် အနားယူနေရသလဲ ပြောဆိုထားခြင်း မရှိပါဘူး။

ဒဏ်ရာကြောင့် ၈ လနှင့် ၁၇ လစီ အသီးသီးနားခဲ့ရတဲ့ လုခ်ရှောနှင့် မာလာစီယာတို့မှာ ကြံ့ခိုင်မှု ပြည့်ဝလာရေး လုပ်ဆောင်နေကြတုန်း ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ယူရိုပါလိဂ်အဖွင့်ပွဲ ၂ ပွဲလုံး သရေကျထားပြီး နိုင်ပွဲ မတွေ့သေးပါဘူး။