မန်ယူ ပစ်မှတ် ကစားသမားအတွက် သန်း ၉ဝ ထိ စာချုပ်ဖျက်သိမ်းကြေး သတ်မှတ်လိုက်တဲ့ လိုက်ပ်ဇစ်
မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီ ပစ်မှတ်ဖြစ်တဲ့ ကက်စတယ်လို လူကီဘာကို ခေါ်ယူချင်တယ်ဆိုရင် ယူရိုသန်း ၉၀ အထိ ပေးချေရမယ်လို့ သိရပါတယ်။
လိုက်ပ်ဇစ်အသင်းဟာ လူကီဘာနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့ရာမှာ ကြီးမားတဲ့ စာချုပ် ဖျက်သိမ်းကြေးကို ထည့်သွင်းခဲ့တာဖြစ်ပြီး အလားအလာများစွာရှိတဲ့ ဗဟိုခံစစ်ကစားသမားဟာ လိုင်ယွန်ကနေ လိုက်ပ်ဇစ်ကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။
လူကီဘာဟာ လိုင်ယွန် အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တဲ့ ကစားသမားဖြစ်ပြီး ကမ္ဘာ့ထိပ်တန်းကစားသမားဖြစ်လာနိုင်သူလို့ တစ်ကြိုပေးခြင်းခံနေရချိန်မှာ လိုက်ပ်ဇစ်က ပေါင်သန်း ၃၀ နဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။
လူကီဘာက ဂျာမနီမှာ တစ်နေ့တခြား ပိုမိုအားကောင်းလာခဲ့ပြီး မကြာသေးမီက ပြင်သစ်အသင်းနဲ့အတူ အိုလံပစ်ပြိုင်ပွဲမှာလည်း တောက်ပပြနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဘယ်သန် ဗဟိုခံစစ်ကစားသမားဖြစ်တာကလည်း လူကီဘာရဲ့ တန်ဖိုးကို ပိုမိုမြင့်တက်စေခဲ့ပြီး ဂျာမန်အသင်းဟာ မန်စီးတီးကို ပြောင်းရွှေ့သွားခဲ့တဲ့ ယို့စကို ဂဗာဒီယောလ်ရဲ့နေရာမှာ အစားထိုးခေါ်ယူခဲ့တာဖြစ်ပါတယ်။
လူကီဘာဟာ ဘယ်နောက်ခံကစားသမားအဖြစ်လည်း ကစားပေးနိုင်သူဖြစ်ပြီး အာအမ်စီစပို့ရဲ့ သတင်းအရ မန်ချက်စတာယူနိုက်တက်အပြင် ရီးရဲလ်မက်ဒရစ်လိုမျိုး အသင်းကလည်း ပြင်သစ်နောက်ခံလူကို ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။
ဒါကြောင့် မန်ချက်စတာယူနိုက်တက်ဟာ လူကီဘာကို လာမယ့်နွေရာသီမှာ ခေါ်ယူချင်တယ်ဆိုရင် လိုက်ပ်ဇစ်အသင်းက သတ်မှတ်ထားတဲ့ ယူရိုသန်း ၉၀ ပေးချေမှသာ ခေါ်ယူနိုင်ဖွယ်ရှိနေပြီး သရဲနီတွေဟာ ဒီနွေရာသီမှာ နောက်ခံကစားသမား အများအပြားခေါ်ယူခဲ့ပေမယ့်လည်း လက်ရှိအချိန်အထိ ခံစစ်ပိုင်းက ပြဿနာဖြစ်နေဆဲ ဖြစ်ပါတယ်။