လန်ဒန်မှာ မန်ချက်စတာ ယူနိုက်တက် မနိုင်ပါဘူး ဆိုတဲ့ ပေါမာဆန်ရဲ့ ဝက်စ်ဟမ်း ပွဲကြို သုံးသပ်ချက်
ဒီအပတ် ပရီးမီးယားလိဂ်မှာ မန်ချက်စတာ ယူနိုက်တက်က ဝက်စ်ဟမ်းအသင်းနဲ့ တွေ့နေပြီး အဝေးကွင်း သွားရောက် ယှဉ်ပြိုင် ကစားရဖို့ ရှိနေပါတယ်။
ပွဲကတော့ မနက်ဖြန် တနင်္ဂနွေနေ့ ည ၈ နာရီခွဲ အချိန်မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဂန်းနားဟောင်းကြီး ပေါမာဆန်က စီးတီးနဲ့ ဆောက်သမ်တန်တို့ ပွဲ အတွက် သုံးသပ် ခန့်မှန်းချက် ထုတ်ထားပါတယ်။
” ဝက်စ်ဟမ်းအတွက် ပွဲကြီးပွဲကောင်းပါပဲ။ ပုံစံကောင်းတွေ မပြနိုင်ပေမယ့် ယူနိုက်တက်က အသင်းကြီးတစ်သင်း ဖြစ်နေဆဲပါပဲ။ ယူနိုက်တက်ကို မလေးစားတာ မဟုတ်ပေမယ့် ဒီလိုပွဲဟာ ဝက်စ်ဟမ်းရဲ့ ဘောလုံးရာသီကို အလှည့်အပြောင်း ဖြစ်သွားစေနိုင်ပါတယ်။
ယူနိုက်တက်မှာ တန်ဟက်က အမြဲတမ်း ဖိအားတွေရှိနေပြီး ဒီပွဲကို ရှုံးခဲ့မယ်ဆိုရင် အမှတ်ပေးဇယား အဆင့် ၁၅ နေရာလောက်က အသင်းရဲ့ အနိုင်ယူခြင်း ခံရမှာပါ။ ဒါက ယူနိုက်တက်အတွက် အဆင်မပြေပါဘူး။
အကယ်လို့ ယူနိုက်တက် နိုင်ပြန်ရင်လည်း ဒါက ပုံမှန်ပါပဲ။ ဒီလိုပွဲမျိုးတော့ ယူနိုက်တက်တို့ နိုင်ရမှာပါ။ ဒီတော့ တန်ဟက် ဘယ်လိုရလဒ်ပဲ ယူပေးပေး နာမည်ကောင်းရဖို့က ခက်ခဲနေမှာပါ။
တန်ဟက်က ယူနိုက်တက်ကို ကာလရှည် ကိုင်တွယ်သွားမှာပါ။ သူ အိုးထရတ်ဖိုဒ့်မှာ ဆက်ရှိနေမှာဖြစ်ပြီး ဒီနေ့ပွဲ သရေကျသွားမယ် ထင်ပါတယ်။ ” လို့ မာဆန်က သုံးသပ်ထားပါတယ်။
ပေါမာဆန် ခန့်မှန်းရလဒ် ကတော့ ဝက်စ်ဟမ်း ၂-၂ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။