မန်ယူနဲ့ ၁ဂိုးစီ သရေဆိုပေမယ့် ၂ဂိုးလုံး ချဲလ်ဆီးကပဲ သွင်းတာ ဆိုတဲ့ သောမတ်စ် တူချယ်

တနင်္ဂနွေညက စတန်းဖို့ဘရစ်ချ်မှာ ချဲလ်ဆီးအသင်းဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ ရင်ဆိုင်ကစားရာ ၁-၁ ရလဒ် နဲ့ သရေကျသွားခဲ့ပါတယ်။ ချယ်ဆီးက တဖတ်သတ် ဖိကစားနိုင်ခဲ့ပေမယ့် ပထမပိုင်းမှာ ဂိုးမရှိ သရေကျနေခဲ့တာပါ။

ချဲလ်ဆီးနည်းပြ တူချယ်ကတော့ ပွဲအပြီးမှာ နိုင်ပွဲမရသော်လည်း အသင်း ကစားပုံကို ကျေနပ် အားရကြောင်းနဲ့ ၁-၁ သရေပွဲ ဆိုပေမယ့် နှစ်ဂိုးလုံး ချဲလ်ဆီးပဲ သွင်းပေးခဲ့တာလို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

တူချယ်က ” ကျနော်က အသင်း စွမ်းဆောင်ရည်ပိုင်းကို လုံးဝ ကျေနပ်ပါတယ်။ ပွဲချိန် ပထမမိနစ်တည်းက စလို့ ကျနေ်ာတို့ လွှမ်းမိုး နိုင်ခဲ့တာ။ ကျနေ်ာတို့ တွန်းတွန်းတိုက်တိုက်နဲ့ အားထုတ် ကစားခဲ့တယ်၊ တိုက်စစ်ဆင်တာ လုံးဝ မရပ်ခဲ့ဘူး။ ကံမကောင်းစွာပဲ.. ကျနေ်ာတို့ ၂ဂိုး သွင်းခဲ့တယ်။ တစ်သင်းစီအတွက် တစ်ဂိုးစီ သွင်းပေးခဲ့တာပေါ့။ ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီးက ဆန်ချို သွင်းဂိုးအတွက် တိုက်ရိုက်ကြီး သွင်းယူပေးခဲ့တာ မဟုတ်ပေမယ့် ဂျော်ဂျင်ဟိုရဲ့ ဆိုးဝါးတဲ့ အမှားကြောင့်သာ ဂိုးပေါက်ကို ရှင်းလင်းတဲ့ လမ်းကြောင်း ပေါက်သွားခဲ့တာတော့ အမှန်ပဲ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ သရေကျလိုက်တာကြောင့် အမှတ်ပေးဇယား ဦးဆောင်ထားတဲ့ ချဲလ်ဆီးဟာ အမှတ်ဖြတ်ထားဖို့ အခွင့်အရေး ဆုံးရှုံးသွားပြီး ဒုတိယနေရာမှ မန်စီးတီးနဲ့ တစ်မှတ်သာ ကွာဟပါတော့တယ်။

ZG

တနဂၤေႏြညက စတန္းဖို႔ဘရစ္ခ်္မွာ ခ်ဲလ္ဆီးအသင္းဟာ မန္ခ်က္စတာ ယူနိုက္တက္နဲ႕ ရင္ဆိုင္ကစားရာ ၁-၁ ရလဒ္ နဲ႕ သေရက်သြားခဲ့ပါတယ္။ ခ်ယ္ဆီးက တဖတ္သတ္ ဖိကစားနိုင္ခဲ့ေပမယ့္ ပထမပိုင္းမွာ ဂိုးမရွိ သေရက်ေနခဲ့တာပါ။

ခ်ဲလ္ဆီးနည္းျပ တူခ်ယ္ကေတာ့ ပြဲအျပီးမွာ နုိင္ပြဲမရေသာ္လည္း အသင္း ကစားပံုကို ေက်နပ္ အားရေၾကာင္းနဲ႕ ၁-၁ သေရပြဲ ဆိုေပမယ့္ နွစ္ဂိုးလံုး ခ်ဲလ္ဆီးပဲ သြင္းေပးခဲ့တာလို႔ ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။

တူခ်ယ္က ” က်ေနာ္က အသင္း စြမ္းေဆာင္ရည္ပိုင္းကို လံုးဝ ေက်နပ္ပါတယ္။ ပြဲခ်ိန္ ပထမမိနစ္တည္းက စလို႔ က်ေန္ာတို႔ လႊမ္းမိုး နုိင္ခဲ့တာ။ က်ေန္ာတို႔ တြန္းတြန္းတိုက္တိုက္နဲ႕ အားထုတ္ ကစားခဲ့တယ္၊ တိုက္စစ္ဆင္တာ လံုးဝ မရပ္ခဲ့ဘူး။ ကံမေကာင္းစြာပဲ.. က်ေန္ာတို႔ ၂ဂိုး သြင္းခဲ့တယ္။ တစ္သင္းစီအတြက္ တစ္ဂိုးစီ သြင္းေပးခဲ့တာေပါ့။ ” လို႔ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

ခ်ဲလ္ဆီးက ဆန္ခ်ိဳ သြင္းဂိုးအတြက္ တိုက္ရိုက္ၾကီး သြင္းယူေပးခဲ့တာ မဟုတ္ေပမယ့္ ေဂ်ာ္ဂ်င္ဟိုရဲ႕ ဆိုးဝါးတဲ့ အမွားေၾကာင့္သာ ဂိုးေပါက္ကို ရွင္းလင္းတဲ့ လမး္ေၾကာင္း ေပါက္သြားခဲ့တာေတာ့ အမွန္ပဲ ျဖစ္ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္နဲ႕ သေရက်လိုက္တာေၾကာင့္ အမွတ္ေပးဇယား ဦးေဆာင္ထားတဲ့ ခ်ဲလ္ဆီးဟာ အမွတ္ျဖတ္ထားဖို႔ အခြင့္အေရး ဆံုးရံႈးသြားျပီး ဒုတိယေနရာမွ မန္စီးတီးနဲ႕ တစ္မွတ္သာ ကြာဟပါေတာ့တယ္။