ဒီည အဝေးကွင်းမှာ ဝက်စ်ဟမ်းကို မန်ယူ နိုင်မလား ခန့်မှန်းချက် ထုတ်လာတဲ့ ခရစ်ဆက်တန်
ဒီည ပရီးမီးယားလိဂ်မှာ မန်ချက်စတာ ယူနိုက်တက်က ဝက်စ်ဟမ်းအသင်းနဲ့ တွေ့နေပြီး အဝေးကွင်း သွားရောက် ယှဉ်ပြိုင် ကစားရဖို့ ရှိနေပါတယ်။ ပွဲကတော့ ဒီ တနင်္ဂနွေနေ့ ည ၈ နာရီခွဲ အချိန်မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန်က မန်စီးတီးနဲ့ ဆောက်သမ်တန်တို့ ပွဲ အတွက် ကြိုတင် သုံးသပ်ခန့်မှန်းလာပါတယ်။
ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်
စပါးကို ဂိုးပြတ် ရှုံးနိမ့်ခြင်းနဲ့အတူ နည်းပြ လိုပတ်တီဂူဟာ ဝက်စ်ဟမ်းနည်းလမ်းကို ကောင်းကောင်းရှာမတွေ့သေးပါဘူး။ ဟမ်းမားတို့ ကြီးကြီးမားမား တိုးတက်လာဖို့ လိုနေပါတယ်။
ဒီပွဲကတော့ ယူနိုက်တက်တို့ အလှည့်အပြောင်း လုပ်လာနိုင်မလား ကြည့်ရမယ့်ပွဲပါပဲ။ အရင်အပတ် ဘရန့်ဖိုဒ့်ပွဲမှာ သူတို့ အတော်လေး ကောင်းခဲ့တယ်။ ဒါပေမယ့် သူတို့ မိနစ် ၉၀ အပြည့် ကောင်းဖို့ လိုနေပါတယ်။
ယူနိုက်တက်တို့ နိုင်ပွဲရပါ့မလား? မန်ချက်စတာ ယူနိုက်တက်က ပြိုင်ဘက်အသင်းကို အနိုင်ရမယ်လို့ ခန့်မှန်းဖို့ဆိုတာ ခက်ခဲပါတယ်။ သူတို့က မတည်ငြိမ်ဘူး။ ကြားရက်မှာလည်း ယူရိုပါလိဂ်ပွဲ ကစားထားရပါတယ်။
ယူနိုက်တက်ပွဲ ရလဒ်တွေ ခန့်မှန်းတိုင်း မှားခဲ့တာချည်းပဲ။ သူတို့ပွဲတွေကို ခန့်မှန်းမယ့်အစား သင်္ချာပဲ တွက်လိုက်ချင်တော့တယ်။
ခရစ်ဆန်တန် ခန့်မှန်းရလဒ်
ဝက်စ်ဟမ်း ၁-၂ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။