ဘောလုံးမှာ အကောင်းဆုံး အသင်းက အမြဲမနိုင်ပါဘူး ဆိုတဲ့ တန်ဟက်ရဲ့ ဝက်စ်ဟမ်း ပွဲပြီး ပြောစကား

မန်ချက်စတာ ယူနိုက်တက်ဟာ မနေ့ညက အဝေးကွင်းမှာ ဝက်စ်ဟမ်းကို ၂-၁ နဲ့ အရေးနိမ့်ခဲ့ရပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့် ၁၄ ထံ ထိုးကျခဲ့ပါတယ်။ ဒါ့အပြင် တန်းဆင်းဇုန်နှင့် ၇ မှတ်သာ ကွာဟပါတော့တယ်။

ယူနိုက်တက် နည်းပြတန်ဟက်ကတော့ ဒီပွဲမှာ ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေက မမျှတခဲ့ဘူး ယုံကြည်နေပြီး ဘောလုံးပွဲတွေမှာ အကောင်းဆုံး အသင်းက မနိုင်တာမျိုး ရှိကြောင်း ပွဲအပြီးမှာ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

“ဘောလုံးမှာ အကောင်းဆုံးအသင်းက အမြဲတမ်းမနိုင်ပါဘူး။ ဒီနေ့မှာ ဒါက ရှင်းလင်းပြီး ပြတ်သားခဲ့ပါတယ်။ နောက်ပြီးတော့ VAR ဘယ်လိုမျိုး အလုပ်လုပ်တယ်ဆိုတာကိုလည်း ကျနော်တို့ ရှင်းရှင်းလင်းလင်း မသိခဲ့ရပါဘူး”

တန်ဟက်ခ်ကတော့ ဝက်စ်ဟမ်းကို ၂-၁ ဂိုးနဲ့ ရှုံးခဲ့တဲ့ပွဲအတွက် VAR ကို ပြစ်တင်ဝေဖန်ခဲ့တာပါ။ ယူနိုက်တက်က နောက်ဆုံးမိနစ်မှ ပင်နယ်တီပေးလိုက်ရပြီး ဘိုဝင်ရဲ့ ပင်နယ်တီဂိုးကြောင့်ပဲ ရှုံးနိမ့်ခဲ့ပါတယ်။

ပေးလိုက်ရတဲ့ ပင်နယ်တီက တော်တော်လေးကို အငြင်းပွားစရာဖြစ်ခဲ့ပေမယ့် တန်ဟက် ရဲ့ ယူနိုက်တက်တို့ ပထမပိုင်းမှာကတည်းက ရခဲ့တဲ့ အပိုင်အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့လို့ အခုလိုမျိုးပဲ ပေးဆပ်မှု ကြီးမားသွားခဲ့တာဖြစ်ပါတယ်။