BREAKING NEWS: နည်းပြ အဲရစ်တန်ဟက်ကို မန်ချက်စတာ ယူနိုက်တက် ထုတ်ပယ်လိုက်ပြီ
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ နည်းပြ အဲရစ်တန်ဟက်ကို ရာထူးကနေ ဒီ တနင်္လာနေ့ မှာပဲ ရာထူးကနေ ထုတ်ပယ်လိုက်ပြီ ဖြစ်ပါတယ်။
ဝက်စ်ဟမ်းကို အရေးနိမ့်တဲ့ ပွဲ အပြီး ၂၄ နာရီ မပြည့်ခင်မှာတင် ယူနိုက်တက်က တန်ဟက်ကို ထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ်မှာ ရလဒ်တွေ ဆိုးရွားနေပြီး အဆင့် ၁၄ ထိ ရောက်နေသလို ယူရိုပါလိဂ်မှာလည်း ၃ပွဲကန်၊ ၃ ပွဲလုံး နိုင်ပွဲပျောက်နေသည့်နောက် ယူနိုက်တက် အကြီးအကဲတွေက တန်ဟက်အပေါ် စိတ်ရှည်ပေးလိုစိတ် ကုန်ခမ်းသွားခဲ့တာပါ။
အဲရစ်တန်ဟက် နေရာအား ရှာဖွေမှု ပြုလုပ်နေစဉ်အတွင်း ယူနိုက်တက်အသင်းကို လက်ထောက် နည်းပြ နစ္စတယ်ရွိုင်းက ယာယီ နည်းပြ အဖြစ် ခေတ္တ ကိုင်တွယ်မှာ ဖြစ်ပါတယ်။
ယူနိုက်တက် ဟာ နည်းပြသစ်အဖြစ် ဘာစီလိုနာ နည်းပြဟောင်း ဇာဗီနှင့် စပို့တင်းနည်းပြ အမ်မိုရင်းတို့ကို စိတ်ဝင်စားနေကာ လေဗာကူဆင် နည်းပြအလွန်ဆိုအပေါ်မှာလည်း သဘောကျနေပါတယ်။
အင်္ဂလန်နည်းပြဟောင်း ဆောက်ဂိတ်ကိုလည်း ယူနိုက်တက် ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်က သဘောကျပေမယ့် ဆောက်ဂိတ်က ဒီနှစ်ထဲမှာ အသင်းသစ် တာဝန်မယူသေးဘူးလို့ ပြောဆိုထားပါတယ်။