ရာထူးပြုတ်ပြီး နာရီပိုင်းအတွင်း ပုန်းလျှိုးကွယ်လျိုးနဲ့ နယ်သာလန်သို့ ချက်ချင်း ဒိုးသွားတဲ့ အဲရစ်တန်ဟက်
အဲရစ်တန်ဟက်ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ထုတ်ပယ်ခြင်းခံရပြီးနောက် နာရီအနည်းငယ်အကြာတွင်ပင် စင်းလုံးငှားလေယာဉ်ဖြင့် ဟော်လန်သို့ ထွက်ခွာသွားခဲ့ပါတယ်။
နယ်သာလန်သား နည်းပြဟာ တနင်္လာနေ့နံနက်ပိုင်း(ဒေသတွင်းအချိန်)တွင် ယူနိုက်တက်နည်းပြရာထူးမှ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
အဲရစ်တန်ဟက်ဟာ ယူနိုက်တက်နည်းပြရာထူးမှ ထုတ်ပယ်ခံရကြောင်း သိရပြီးနောက် အနည်းငယ်အကြာတွင် ချီရှိုင်းယားနေအိမ်ကနေ ပုန်းလျှိုးကွယ်လျိုးဖြင့် ကားနောက်ခန်းမှ စီးကာ လေယာဉ်ကွင်းသို့ ထွက်ခွာသွားခဲ့ပါတယ်။

သူဟာ မီဒီယာများရဲ့ အာရုံစိုက်ခြင်းမခံရစေရန်အတွက် ကျောလှည့်ကာ ထိုင်ကာ ကားစီးသွားခဲ့ပါတယ်။
ယင်းနောက် သူဟာ တနင်္လာနေ့ နေ့လည်ပိုင်းတွင် စင်းလုံးငှားလေယာဉ်ဖြင့် ဟော်လန်သို့ ပြန်သွားခဲ့ပါတယ်။
ယူနိုက်တက်ဟာ အဲရစ်တန်ဟက်ကို ထုတ်ပယ်ပြီးနောက် လက်ထောက်နည်းပြရုဒ်ဗန်နစ္စတယ်ရွိုင်းကို ယာယီနည်းပြအဖြစ် ခန့်အပ်ကာ နည်းပြသစ်ရှာတော်ပုံ ဖွင့်လှစ်နေပါတယ်။
အဲရစ်တန်ဟက်ဟာ ယူနိုက်တက်ကို ကိုင်တွယ်တဲ့ နှစ်ရာသီကျော်ကာလအတွင်းတွင် ကာရာဘောင်ဖလားနှင့် အက်ဖ်အေဖလားတို့ ရယူပေးနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ သူဟာ ပြီးခဲ့တဲ့ ရာသီအကုန်တွင် ထုတ်ပယ်ခံရမယ်လို့ ယူဆခြင်းခံခဲ့ရပေမဲ့ အက်ဖ်အေဖလားဆွတ်ခူးပေးပြီးနောက် တစ်နှစ်စာချုပ်သက်တမ်းတိုးခြင်းခံခဲ့ရပါတယ်။
သူဟာ ယခုရာသီတွင် နိုင်ပွဲ ၃ ပွဲတည်းသာ ရရှိပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၄ နေရာတွင် ရပ်တည်နေသလို ယူရိုပါလိဂ်တွင်လည်း နိင်ပွဲမရရှိဘဲ ၃ ပွဲလုံး သရေကျထားပြီးနောက် ထုတ်ပယ်ခြင်းခံလာရပါတယ်။