စပါးနဲ့ တွေ့ပြီး ပွဲကြပ်နေတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ကာရာဘောင် ကွာတားဖိုင်နယ် မဲခွဲရလဒ်များ

မန်ချက်စတာယူနိုက်တက်ဟာ မနေ့ညက လက်စတာကို နိုင်ပြီး ကာရာဘောင်ဖလား နောက်တစ်ဆင့် တက်ရောက်ခဲ့ပြီ ဖြစ်ရာ ကွာတားဖိုင်နယ် အဆင့်မှာ စပါးကို အဝေးကွင်းသို့ သွားရောက် ရင်ဆိုင်ကစားရပါမယ်။

ကွာတားဖိုင်နယ် မဲခွဲရလဒ်တွေက မနေ့ညက ပွဲတွေ အပြီး တခါတည်း ထွက်ပေါ်လာခဲ့တာပါ။

လက်ရှိ ချန်ပီယံ လီဗာပူးမှာ ပရီးမီးယားလိဂ်တွင် ရုန်းကန်နေရတဲ့ ဆောက်သမ်တန်ကို အဝေးကွင်းသို့ သွားရောက် ရင်ဆိုင်ကစားရပါမယ်။

အာဆင်နယ်မှာ လန်ဒန်ဒါဘီပွဲစဉ်အဖြစ် ခရစ္စတယ်ပဲလေ့စ်ကို ဧည့်ခံကစားရမှာ ဖြစ်ပြီး နယူးကာဆယ်မှာလည်း ဘရန့်ဖို့ဒ်ကို ဧည့်ခံကစားရပါမယ်။

ကာာဘောင်ဖလားကွာတားဖိုင်နယ်ပွဲစဉ်များကို ဒီဇင်ဘာလ ၁၆ ရက်နေ့ ရက်သတ္တပတ်တွင် ကစားသွားပါမယ်။

ယခုနှစ်ကွာတားဖိုင်နယ်တွင် ထူးခြားတာကတော့ ၁၄ နှစ်အတွင်းတွင် ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ် အသင်းများသာ သီးသန့်တက်နိုင်ခဲ့တာဖြစ်ပြီး EFL ကလပ်များ ပါဝင်လာခြင်း မရှိပါဘူး။

စပါး အသင်း ဟာ စတုတ္ထအဆင့်မှာ မန်စီးတီးကိုလည်းကောင်း၊ ယူနိုက်တက်မှာ လက်စတာကို ၅-၂ ဖြင့် လည်းကောင်း အနိုင်ယူခဲ့တာပါ။

မန်ချက်စတာ ယူနိုက်တက်ဟာ ယာယီနည်းပြရုဒ်ဗန်နစ္စတယ်ရွိုင်း လက်ထက်တွင် ပထမဆုံး ပွဲဦးထွ့် တခါတည်း နိုင်ပွဲ ရရှိလာတာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ မကြာမီကာလအတွင်းတွင် စပို့တင်းလစ္စဘွန်းနည်းပြရူဘင်အေမိုရမ်ကို နည်းပြသစ်အဖြစ် ခန့်အပ်လာဖို့ ရှိနေပါတယ်။ ဒါပေမဲ့ နစ္စတယ်ရွိုင်းကပင် တနင်္ဂနွေနေ့ ချဲလ်ဆီးနှင့်ပွဲစဉ်အား ဆက်လက် ကိုင်တွယ်သွားဖို့ ရှိပါတယ်။