သွားလေသူကြီး မိုက်မဲလို့ မန်ယူအသင်း ငွေကုန်ကြေးကျ ဘယ်လောက်များခဲ့ရလဲ နဗီး ပြောဆို
မန်ယူအသင်းကနေ ထွက်ခွာသွားပြီ ဖြစ်သူ နည်းပြ တန်ဟက် ရှိစဉ်တုန်းက မအောင်မြင်တဲ့ ခေါ်ယူမှုနှစ်ခုဟာ မန်ချက်စတာ ယူနိုက်တက် ကို အတော် ငွေကုန်ကြေးကျ များစေခဲ့တယ်လို့ သရဲနီဟောင်းကြီး ဂယ်ရီနဗီးက ထုတ်ပြောလာပါတယ်။
တန်ဟက် လက်ထက်မှာ မှားယွင်းတဲ့ ခေါ်ယူမှုအချို့ဟာ ဈေးကွက်အတွင်း ယူနိုက်တက်ကို နောက်ထပ် ငွေကြေးတွေ ထပ်မံ ကုန်ကျစေဖို့ ဖြစ်လာခဲ့တယ်လို့ နဗီးက မြင်ပါတယ်။
ဂယ်ရီနဗီးက ‘ ယူနိုက်တက် လုပ်ခဲ့ဖူးသမျှထဲ အဆိုးရွားဆုံး အပြောင်းအရွှေ့တွေထဲ ပါဝင်စေမယ့် ကာဆီမီရိုနဲ့ အန်တိုနီ ခေါ်ယူမှုတွေကို တန်ဟက်လက်ထက်မှာ လုပ်ခဲ့ပါတယ်။
ဘရန့်ဖိုဒ့်နဲ့ ဘရိုက်တန်တို့ကို ရှုံးနိမ့်အပြီးမှာ ယူနိုက်တက်က အလန့်တကြားနဲ့ ဈေးကွက်ထဲဝင်ပြီး ဒီကစားသမားတွေအတွက် ပေါင် သန်း ၁၄၀-၁၅၀ လောက် အကုန်အကျခံ ခေါ်ယူမှုတွေ လုပ်ခဲ့တယ်။
ကာဆီမီရိုက ယူနိုက်တက်အတွက် ၄ နှစ်၊ ၅ နှစ်လောက် ကောင်းကောင်းလုပ်ပေးနိုင်မယ်လို့ ကျနော် ထင်မိတာ မှားခဲ့တယ်။ အန်တိုနီ အဆင်ပြေမယ် ထင်တာလည်း မှားခဲ့တယ်။

သူတို့တွေကြောင့်ပဲ ယူနိုက်တက်ဟာ နွေဈေးကွက်မှာ အူဂါတီနဲ့ အခြားသော ကစားသမားတွေကို ထပ်ခေါ်ဖို့ ဖြစ်လာခဲ့ရပါတယ်။
ဒါတွေက တန်ဟက်ရဲ့ အထက်က အုပ်ချုပ်သူတွေရဲ့ အမှားကြောင့်ဖြစ်ခဲ့တာပါ။ ဒီကစားသမားတွေအတွက် ပေးရတဲ့ ပြောင်းရွှေ့ကြေးနဲ့ လုပ်ခတွေက မဖြစ်သင့်ပါဘူး။ ’ လို့ မှတ်ချက်ပေးခဲ့တာပဲ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ နည်းပြတန်ဟက်အတွက် အသုံးစရိတ် ပေါင် သန်း ၆၀၀ ကျော် ထုတ်သုံးပေးခဲ့ပေမယ့် မျှော်လင့်သလို တိုးတက်မလာတဲ့နောက် ဒီအပတ်မှာပဲ လမ်းခွဲခဲ့ကြပြီဖြစ်ပါတယ်။