အိုးထရက်ဖို့ဒ်မှာ မန်ယူနဲ့ နစ္စတယ်ရွိုင်း အခြေမလှနိုင်ဘူး လို့ ချယ်ဆီးပွဲကြို ပေါမာဆန် သုံးသပ်ပြီ
မန်ချက်စတာ ယူနိုက်တက် ဟာ ဒီအပတ် ပရီးမီးယားလိဂ်မှာ ချယ်ဆီး အသင်းနဲ့ ထိပ်တိုက်တွေ့ဖို့ ရှိနေပြီး အိုးထရက်ဖို့ဒ် ကွင်းမှာ ဧည့်ခံရမှာပါ။ ပွဲက ဒီတနင်္ဂနွေနေ့ ည ၁၁ နာရီမှာ ယှဉ်ပြိုင်ကြမှာပါ။
ဂန်းနားဟောင်းကြီး ပေါမာဆန် က ယူနိုက်တက်နဲ့ ချယ်ဆီး တို့ ပွဲ အတွက် ကြိုတင် သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပြီး မန်ယူ ရှုံးမယ် ဆိုထားပါတယ်။
ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်
ဝက်စ်ဟမ်းပွဲမှာ ယူနိုက်တက်က ကံမကောင်းခဲ့ပါဘူး။ ဒါပေမယ့် ယူနိုက်တက်လို အသင်းကလည်း ကံမကောင်းဘူးဆိုပြီး ဆင်ခြေပေးနေလို့ မရပါဘူး။ ဒါကြောင့်ပဲ နည်းပြတန်ဟက် အထုတ်ခံလိုက်ရတာပါ။
ဒီပွဲကိုတော့ ချယ်ဆီးနိုင်သွားမယ် ထင်ပါတယ်။ ဒီလိုပြောရတာက သူတို့က ခံစစ်ကနေ ဘောလုံးထုတ်နေပြီး ကွင်းရဲ့ အမြင့်ဆုံးနေရာတွေမှာ ချယ်ဆီးကို ပိတ်ဆို့ကာ ဘောလုံးရယူနိုင်တဲ့ အသင်းတွေကပဲ သူတို့ကို အနိုင်ရနေတာပါ။ ယူနိုက်တက်က အဲ့လို ကစားနိုင်စွမ်း မရှိပါဘူး။
တန်ဟက် ဆက်ကိုင်နေရင် ဒီပွဲကို အနိုင်ရဖို့ ချယ်ဆီးက ပိုပြီး ရေပန်းစားမှာ အခုက ရုဒ် ကိုင်နေတာဆိုတော့ အပြောင်းအလဲ ရှိလာပါလိမ့်မယ်။ ယူနိုက်တက်က အသင်းကောင်း တစ်သင်း မဆန်သေးပါဘူး။
ယူနိုက်တက် တိုက်စစ်က လေးတယ်၊ သူတို့ကို ရင်ဆိုင်ကျော်ဖြတ်ပြီး ချယ်ဆီးတို့ ပွဲကို အနိုင်ယူနိုင်စွမ်း ရှိပါတယ်။ သူတို့မှာ ပြဿနာတွေရှိနေပြီး ချယ်ဆီးကို အနိုင်ယူဖို့ရာ လုံလောက်တဲ့ အချိန် မရသေးပါဘူး။
ပေါမာဆန် ခန့်မှန်းရလဒ်
မန်ချက်စတာ ယူနိုက်တက် ၁-၃ ချယ်ဆီး
မန်ချက်စတာ ယူနိုက်တက်ဟာ အမ်မိုရင်းကို နည်းပြသစ် အဖြစ် ခန့်အပ်ထားပေမယ့် ဒီပွဲကိုတော့ ယာယီ နည်းပြ နစ္စတယ်ရွိုင်းပဲ ဆက်လက် ကိုင်တွယ်မှာပါ။