သူ မလိုချင်တဲ့ တိုက်စစ်မှုးကို INEOS က ခေါ်လို့ တန်ဟက် စိတ်ပျက်ခဲ့ကြောင်း ထွက်ပေါ်လာ

မန်ချက်စတာ ယူနိုက်တက် နည်းပြဟောင်း အဲရစ် တန်ဟက်ဟာ တိုက်စစ်မှုး ဂျိုရွှာ ဇာဇီးက ခေါ်ယူလိုခဲ့တာ မဟုတ်ဘဲ INEOS ကြောင့်သာ ၎င်းက ရောက်လာခဲ့တာလို့ သိရပါတယ်။

ဇာဇီးဟာ အိုးထရက်ဖို့ဒ် သို့ များနေတဲ့ ကိုယ်အလေးချိန်နဲ့ ရောက်ရှိလာခဲ့ပြီးနောက် ဒတ်ချ်တိုက်စစ်မှူးကို တန်ဟက်က ဒေါသထွက်ခဲ့တယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြဟောင်းဟာ သူ့ရဲ့ တစ်နိုင်ငံတည်းသား ဒတ်ချ်ကစားသမားတွေကို ဆက်တိုက် ခေါ်ယူမှုတွေ ပြုလုပ်ခဲ့ပြီး ဒတ်ချ်လိဂ်မှာ နည်းပြခဲ့တဲ့ ကာလတုန်းက ကစားသမားတွေကြောင့် အောင်မြင်မှုက အကန့်အသတ်သာ ရရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဲရစ် တန်ဟက်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဘိုလော့ဂ်ညာကနေ ဂျိုရွှာ ဇာဇီးကို ပေါင် ၃၆.၅ သန်းနဲ့ ခေါ်ယူမယ့် အကြံအစည်ကို ဘယ်တုန်းကမှ သဘောမကျခဲ့ဘူးလို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

The Sun ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်ရဲ့ အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူးကို ခေါ်ယူခဲ့မှုမှာ INEOS က အဓိကအဆုံးအဖြတ် ချမှတ်ခဲ့တာဖြစ်ပြီး ဇာဇီးလိုမျိုး အလားအလာများစွာရှိတဲ့ ကစားသမားအတွက် ကြီးမားတဲ့ငွေကြေးပမာဏပေးချေရတာ တန်တယ်လို့ ယုံကြည်ခဲ့တာဖြစ်ပါတယ်။

ဇာဇီးဟာ မန်ချက်စတာယူနိုက်တက်ကို ရောက်ရှိလာပြီးနောက် ပရီးမီးယားလိဂ် ၁၀ ပွဲမှာ တစ်ဂိုးသာ သွင်းယူထားနိုင်သေးပြီး ပွဲဦးထွက်မှာ ဖူလ်ဟမ်ကို အနိုင်ရရှိစေမယ့် နောက်ကျအနိုင်ဂိုး သွင်းပြီးကတည်းက ဂိုးပေါက်ရှာမတွေ့တော့တာဖြစ်ပါတယ်။

အဲရစ် တန်ဟက်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ အိုးထရက်ဖို့ဒ်ကို ဇာဇီး ရောက်ရှိလာခဲ့တုန်းက အခြေအနေနဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်ခဲ့တယ်လို့ သိရပြီး သူ အဓိကထား ခေါ်ယူချင်ခဲ့တဲ့ ကစားသမားမဟုတ်ခဲ့တာကြောင့် စိတ်ပျက်ခဲ့တယ်လို့ သိရပါတယ်။