ကြိုပြောတဲ့ အတိုင်း ဖြစ်အောင် လုပ်ပြခဲ့တဲ့ ဆာအဲလက်စ် ဖာဂူဆန် လက်သစ် – ရူဘန် အမ်မိုရင်း
စပို့တင်း လစ္စဘွန်း အသင်းဟာ မနေ့ညက ချန်ပီယံလိဂ်မှာ မန်ချက်စတာ စီးတီးကို ၄-၁ နဲ့ အနိုင်ရလိုက်ပြီး နည်းပြ အမ်မိုရင်း မျက်နှာပန်းလှ ရေပန်းစားသွားပါတယ်။
မန်ချက်စတာ ယူနိုက်တက် နည်းပြသစ် ဖြစ်လာတဲ့ အမ်မိုရင်းဟာ စပို့တင်းနဲ့ လက်ကျန်ပွဲတွေကို အကောင်းဆုံး ကျော်ဖြတ်နေပါတယ်။
ညကပွဲ မတိုင်ခင်ကလည်း နည်းပြ အမ်မိုရင်း က ယူနိုက်တက်ရဲ့ မြို့ခံပြိုင်ဘက် ပရီးမီးယားလိဂ်ကလပ် မန်စီးတီးကိုသာ စပို့တင်းက အနိုင်ယူလိုက်ရင် သူ့ကို လူတွေက ဆာအဲလက်စ် ဖာဂူဆန် လက်သစ်လို့တောင် တင်စား မျှော်လင့်လောက်တယ်လို့ ကြိုတင် ပြောခဲ့ပါသေးတယ်။
အမ်မိုရင်း ပွဲကြိုစကားက တကယ် ဖြစ်လာခဲ့ပြီး စပို့တင်းဟာ အိမ်ကွင်းမှာ မန်စီးတီးကို ဂိုးပြတ် အနိုင်ယူပြီး ယူနိုက်တက်ပရိသတ်တွေနဲ့ ဘောလုံးပရိသတ်တွေကြားမှာ ဆက်ပြီး မျက်နှာပန်းပွင့်ခဲ့ပါတယ်။
မနေ့က ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ စပို့တင်းက မန်စီးတီးကို ၄-၁ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။
ဦးဆောင်ဂိုးအရင်ရခဲ့တာက မန်စီးတီးဆိုပေမယ့် ပင်နယ်တီနှစ်လုံးအပါအဝင် ယိုကာရက်စ်ရဲ့ ဟက်ထရစ်ကို မန်စီးတီးတို့ ခွင့်ပြုလိုက်ရပါတယ်။ မန်စီးတီးလည်း ပင်နယ်တီတစ်လုံးရခဲ့ပေမယ့် ဟာလန်းက ဒါကို ဝင်အောင် အသုံးမချနိုင်ခဲ့ပါဘူး။
အဲ့ဒါကြောင့်လည်း စပို့တင်းတို့ ၄-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး အမ်မိုရင်းကတော့ ပွဲမတိုင်ခင် သူပြောခဲ့တဲ့အတိုင်း ဖာဂူဆန်လက်သစ်ဆိုတဲ့ စကားတွေကို ကြားရတော့မှာ သေချာပါတယ်။