ဂွာဒီယိုလာ အမ်မိုရင်းကို အရေးနိမ့်တာ ကြည့်ပြီး အားရ ကျေနပ်နေတဲ့ ရီယိုဖာဒီနန်

မနေ့ညကကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ စပို့တင်းလစ္စဘွန်း က မန်စီးတီးကို ၄-၁ ဖြင့် ပြတ်ပြတ်သားသား အနိုင်ယူလိုက်ပြီးနောက် စီးတီး နည်းပြ ပက် ဂွာဒီယိုလာဟာ ယူနိုက်တက် နည်းပြဖြစ်လာတဲ့ အမ်မိုရင်းကို ကြောက်နေပြီလို့ သရဲနီဟောင်းကြီး ဖာဒီနန်က ဟာသလုပ်ခဲ့ပါတယ်။

အမ်မိုရင်းဟာ ယူနိုက်တက် နည်းပြသစ်အဖြစ် ပြောင်းမလာခင်မှာ စပို့တင်း နည်းပြ တာဝန်ကို နောက်ဆုံး ပွဲအနည်းငယ် တာဝန်ယူနေစဉ် ဒီမနက်ကပဲ မန်စီးတီးကို ဂိုးပြတ် အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။

စပို့တင်းရဲ့ နိုင်ပွဲဟာ ယူနိုက်တက် ပရိသတ်တွေနဲ့ သရဲနီ ကစားသမားဟောင်းတွေကို မျှော်လင့်ချက်တွေနဲ့အတူ စိတ်ဓါတ် တက်ကြွစေခဲ့ပါတယ်။

ရီယို ဖာဒီနန်က ” ဒုတိယပိုင်းမှာ စပို့တင်းကို ပေါက်ကွဲအားကောင်းတဲ့ အသင်းတစ်သင်းအဖြစ် အမ်မိုရင်း ပြောင်းလဲလိုက်တာကို သဘောကျတယ်။ သူတို့က တိုက်ခိုက်လိုစိတ် အပြည့်ဖြစ်ပြီး အညှာအတာ ကင်းမဲ့ပါတယ်။

ဒါတွေက ယူနိုက်တက်မှာ ပျောက်ကွယ်နေတာဖြစ်လို့ အမ်မိုရင်း ယူဆောင်လာပေးဖို့ အရေးကြီးတဲ့ အရာတွေပါ။ ကျနော်တော့ စိတ်လှုပ်ရှားနေပြီ။ မနက်ဖြန်မှာပဲ သူ့ကို မန်ချက်စတာကို ရောက်လာစေချင်နေပြီ။

နည်းပြသစ်ရောက်လာမယ့်အပေါ် အရမ်းကြီး စိတ်လှုပ်ရှားမှု မပြလိုပါဘူး။ အတိတ်က ကောင်းတဲ့ အခိုက်အတန့် အချို့ထံ ပြန်ရောက်ချင်တာပါ။ ဒီနှစ်တွေထဲမှာ မကောင်းတာတွေပဲ မြင်နေရပြီး စိတ်ဓါတ်ပါ ကျခဲ့ရတယ်။

နေရောင်ခြည်လေးတွေ မြင်ချင်နေပါပြီ။ အမ်မိုရင်းက အသင်းအတွက် အလင်းရောင်တွေ သယ်လာပေးဖို့ မျှော်လင့်ပါတယ်။

အားလုံးက တစ်ညတည်း ညတွင်းချင်းတော့ ပြောင်းလဲသွားမှာ မဟုတ်ပေမယ့် ယူနိုက်တက်ကို အမ်မိုရင်း ရောက်လာမယ့်အပေါ် ပက်ကတော့ ကြောက်နေလောက်ပါပြီ။” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။