ဇက်ဇီး နေရာမရနိုင်ဘူး ဆိုလာသူ၊ ပြန်လာတော့မယ့် သရဲနီ၊ အမ်မိုရင်း ကြုံးဝါးမှု၊ ထရိန်နင်မှ ယိုရိုနဲ့ နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းများ
မန်ယူအသင်း နောက်ခံအစွန်လူ မာလာစီယာ က အသင်းနဲ့ ပြန်လည် ပူးပေါင်းနိုင်ဖို့ အလွန်နီးစပ်နေပြီး လုခ်ရှော၊ မက်ဂွိုင်းယားတို့လည်း ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်း သိရပါတယ်။
ဒါ့အပြင် ဗဟို နောက်ခံလူသစ် ယိုရို ကလည်း အသင်းရဲ့ ထရိန်နင်မှာ ပြန် ပါဝင် လေ့ကျင့်နေပြီ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ရဲ့ ပေါင် ၃၆ သန်းတန် ကစားသမား ဂျိုရွှာ ဇက်ဇီးက အိုးထရက်ဖို့ဒ်မှာ အောင်မြင်မှု မရနိုင်ဘဲ နည်းပြသစ် ရူဘင် အမိုရင်လက်အောက်မှာလည်း ပုံမှန် ပွဲထွက်ခွင့်မရနိုင်ဘူးလို့ အာဆင်နယ်ဂန္တဝင် အီယန် ရိုက်က သုံးသပ်လိုက်ပါတယ်။
မန်ချက်စတာ ယူနိုက်တက် ယာယီနည်းပြ ရုဒ်ဗန်နစ္စတယ်ရွိုင်းက လာမယ့် ၂ ပွဲအား ကြီးကြပ်ပြီးပါက ယူနိုက်တက်တွင် သူ့အနာဂတ် ဆက်ရှိနေမလားဆိုတာ အတိအကျ မသိသေးကြောင်း ပြောကြားလာပါတယ်။
ယူနိုက်တက်ဂိုးသမား အိုနာနာက ယူနိုက်တက်ကစားသမားများမှာ နည်းပြသစ်ရူဘင်အေမိုရမ်ရဲ့ ဗျူဟာသစ်နှင့် အံဝင်အောင် ကစားရေး ပြဿနာမရှိကြောင်း ပြောကြားလာပါတယ်။
မကြာခင်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းကို စတင် တာဝန်ယူ ကိုင်တွယ်သွားတော့မယ့် စပို့တင်း လစ္စဘွန်းအသင်းနည်းပြ ရူဘင် အမော်ရင်က ပရီးမီးယားလိဂ်မှာ စိန်ခေါ်မှု အသစ်သစ်တွေကို ရင်ဆိုင်သွားဖို့အတွက် အဆင်သင့် ဖြစ်နေပြီလို့ ကြုံးဝါး ပြောကြားသွားလိုက်ပါတယ်။