လက်စတာနဲ့ ကံစပ်လွန်းတဲ့ နစ္စတယ်ရွိုင်းရဲ့ နောက်ဆုံးပွဲ – ဘယ်လိုရလဒ်ထွက်မလဲ ပေါမာဆန် ခန့်မှန်းချက် ထုတ်
မန်ချက်စတာ ယူနိုက်တက်ဟာ ဒီအပတ် ပရီးမီးယားလိဂ် ပွဲ အဖြစ် လက်စတာ စီးတီးအသင်းကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားမှာ ဖြစ်ပါတယ်။
ဒီပွဲဟာ ယာယီ နည်းပြ နစ္စတယ်ရွိုင်း ရဲ့ ယူနိုက်တက်နဲ့ နောက်ဆုံးပွဲ ဖြစ်ပါတယ်။ နစ္စတယ်ရွိုင်း ယာယီ ပထမဆုံး စကိုင်တာကလည်း လက်စတာနဲ့ လိဂ်ဖလားပွဲ ဖြစ်တာကြောင့် ဒီအသင်းနဲ့ နယ်သာလန်သားကတော့ အတော် ကံစပ်တယ် ဆိုရမှာပါ။
ဂန်းနားဟောင်းကြီး ပေါမာဆန်က မန်ချက်စတာ ယူနိုက်တက် – လက်စတာ ပွဲ အတွက် ပွဲကြို သုံးသပ် ခန့်မှန်းလာပါတယ်။

” ကျွန်တော် မန်ချက်စတာ ယူနိုက်တက်ကို စောင့်ကြည့်နေခဲ့တာပါ။ စပို့တင်းမှာ အမ်မိုရင်း လုပ်ဆောင်ပြနေတဲ့ စနစ်အတိုင်း ယူနိုက်တက်မှာ လုပ်ဆောင်မယ်ဆိုရင် ကစားသမား ဘယ်နှစ်ယောက်လောက် ကျန်မလဲ မသိပါဘူး။
အမ်မိုရင်ကို သဘောကျပေမယ့် အိုးထရတ်ဖိုဒ့်မှာ အောင်မြင်ဖို့ကတော့ တစ်ညတည်းနဲ့ ဖြစ်မြောက်လာမှာ မဟုတ်ပါဘူး။ သူ့ရဲ့ စနစ်မှာ ကစားနိုင်မယ့် ကစားသမားတွေလည်း လိုအပ်ပါတယ်။
အစ်ဝစ်ချ်ပွဲမှာ လက်စတာတို့ ရမှတ် စုဆောင်းနိုင်ခဲ့တယ်။ ဗာဒီ ကြံ့ခိုင်နေရင် လက်စတာက တန်းဆင်းရမယ့် အရေးကနေ ရှောင်လွဲှနိုင်မှာပါ။
ဒီပွဲမှာ အနိုင်ရမယ့် အသင်းက တစ်သင်းတည်းရှိပြီး လက်စတာတော့ မဟုတ်ပါဘူး။ ” လို့ ပေါမာဆန်က သုံးသပ်ထားပါတယ်။
ပေါမာဆန် ခန့်မှန်းရလဒ် ကတော့ မန်ချက်စတာ ယူနိုက်တက် ၃-၁ လက်စတာ စီးတီး ဖြစ်ပါတယ်။
ပွဲကတော့ လာမယ့် တနင်္ဂနွေနေ့ည မြန်မာစံတော်ချိန် ၈ နာရီခွဲ အချိန်မှာ ယှဉ်ပြိုင် ကစားမှာပါ။