ဒဏ်ရာကြောင့် ၃ လကြာ အနားယူနေခဲ့ရတဲ့ မန်ယူ အသင်းသား ပြန်လာပါပြီ

ဒဏ်ရာကြောင့် ၃ လကြာ အနားယူနေခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက် နောက်ခံလူလုခ်ရှောဟာ အခုဆို လေ့ကျင့်ခန်းပြန်လည်ဆင်းလာနိုင်ပြီ ဖြစ်ပါတယ်။

အင်္ဂလန်ဘယ်နောက်ခံလူဟာ ဖေဖော်ဝါရီလကတည်းက ယူနိုက်တက်အတွက် ကစားလာနိုင်ခဲ့ခြင်း မရှိသူ ဖြစ်ပြီး ယူရို ၂၀၂၄ ပြိုင်ပွဲကို အင်္ဂလန်နှင့် ကစားပြီးနောက် ဩဂုတ်လတွင် ခြေသလုံးဒဏ်ရာ ထပ်မံ ရရှိခဲ့ပါတယ်။

သူဟာ အောက်တိုဘာလနိုင်ငံတကာပွဲစဉ်များအပြီးတွင် ပြန်လည်ကစားလာနိုင်မယ်လို့ ယူဆခြင်းခံခဲ့ရပေမဲ့လည်း ဒဏ်ရာထပ်မံ ရရှိခဲ့ပြန်ပါတယ်။

သူဟာ ဖေဖော်ဝါရီလတုန်းက တံကောက်ကြောဒဏ်ရာရရှိပြီးနောက် လက်ကျန် ပရီးမီးယားလိဂ်ပွဲစဉ်များအားလုံးကို လွဲခဲ့သူလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ သူဟာ အင်္ဂလန်နှင့်အတူ ယူရို ၂၀၂၄ လူစာရင်းမှာ ပါဝင်ခဲ့ပြီး အုပ်စုပွဲစဉ်များကို လွဲချော်ခဲ့ပေမဲ့ စပိန်ကို ရှုံးနိမ့်တဲ့ ဗိုလ်လုပွဲအပါအဝင် ရှုံးထွက်ပွဲစဉ်များတွင် ပါဝင်ကစားနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၃ ခုနှစ်၊ ဧပြီလကတည်းက ဒဏ်ရာကြောင့် အနားယူနေရတဲ့ ဘယ်နောက်ခံ့လူတိုင်ရဲလ်မာလာစီယာမှာလည်း ပြန်လည်ကစားနိုင်ရန် နီးစပ်နေပြီ ဖြစ်ပါတယ်။