အိုးထရက်ဖို့ဒ်မှာ ဂိုးတွေ ထိုင်ရေဦးမယ် ဆိုတဲ့ အလန်ရှီးယားရဲ့ မန်ယူ – လက်စတာ ပွဲကြို သုံးသပ်ချက်

မန်ချက်စတာ ယူနိုက်တက် ကဒီအပတ် ပရီးမီးယားလိဂ်မှာ လက်စတာ အသင်းနဲ့ တွေ့နေပြန်ပြီး အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားမှာ ဖြစ်ပါတယ်။

နစ္စတယ်ရွိုင်း ပထမဆုံး ယာယီ နည်းပြ အဖြစ် စကိုင်တဲ့ ပွဲကလည်း လက်စတာနဲ့ပဲ ဖြစ်ပြီး အဲဒီ ကာရာဘောင်းပွဲကို ယူနိုက်တက်က ၅-၂ နဲ့ အနိုင်ရခဲ့တာပါ။ ဒီပွဲဟာ ယာယီ နည်းပြ နစ္စတယ်ရွိုင်း ရဲ့ ယူနိုက်တက်နဲ့ နောက်ဆုံးပွဲ ဖြစ်ပါတယ်။

နယူးကာဆယ် ဂန္တဝင် တိုက်စစ်မှုးဟောင်းကြီး အလန်ရှီးယားက က မန်ချက်စတာ ယူနိုက်တက် – လက်စတာ ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းလာပါတယ်။

” ဒီပွဲမှာတော့ လက်စတာအတွက် ယူနိုက်တက်က အားကောင်းလွန်းနေပါတယ်။ ဒါကြောင့် ကာရာဘောင်းပွဲ ရလဒ်မျိုး ထပ်ပြီး ဖြစ်ပေါ်လာမယ်ဆိုရင် အံ့ဩသင့်မိမှာ မဟုတ်ပါဘူး။

လက်စတာတို့ရဲ့ တိုက်စစ်ဖွင့်ကစားမှုနဲ့ ယူနိုက်ကတ်တို့ လက်တလော ကစားနေတဲ့ ခြေစွမ်းအရ ဒီပွဲမှာ ဂိုးတွေ မြင်ရမယ်လို့ ကျနော် မြင်ပါတယ်။

အမ်မိုရင်းက ယူနိုက်တက်ကို ရောက်မလာသေးပါဘူး။ ဒါပေမယ့် မန်စီးတီးကို စပို့တင်းတို့ အနိုင်ရလိုက်တာက အိုးထရတ်ဖိုဒ့်ရဲ့ လေထုကို ပိုပြီး ပြင်းထန်နေစေမှာပါ။ ” လို့ အလန်ရှီးယား က သုံးသပ် ခန့်မှန်းထားတာ ဖြစ်ပါတယ်။

ယူနိုက်တက်နဲ့ လက်စတာ တို့ ပွဲကတော့ လာမယ့် တနင်္ဂနွေနေ့ည မြန်မာစံတော်ချိန် ၈ နာရီခွဲ အချိန်မှာ ယှဉ်ပြိုင် ကစားမှာပါ။