ကမ္ဘာ့တန်ကြေးအမြင့်ဆုံး လူငယ်ကစားသမား အယောက် ၂၀ စာရင်းမှာ အဆင့် ၂ ကနေ ပါဝင်နေတဲ့ မန်ယူ အသင်းသား

နောက်ဆုံး ထွက်ပေါ်လာတဲ့ ကမ္ဘာ့တန်ကြေးအမြင့်ဆုံး လူငယ်ကစားသမား အယောက် ၂၀ စာရင်းထဲ ပရီးမီးယားလိဂ် ကစားသမား ၉ ဦး၊ မန်ချက်စတာ ယူနိုက်တက်မှ လူငယ် ၂ ဦး အထိ ပါဝင်လာခဲ့ပါတယ်။

အဲဒီထဲမှာမှ မန်ချက်စတာ ယူနိုက်တက် လူငယ်ကြယ်ပွင့် ဂါနာချို ဟာ အဆင့် ၂ နေရာကနေ ပါဝင်လာတာပါ။

အသက် ၂၁ နှစ်အောက် ကစားသမားတွေကို သီးသန့်ရွေးချယ်ပေးခဲ့တဲ့ စာရင်းကောက်ယူမှုအရ စပိန်နဲ့ အထူးတောက်ပခဲ့တဲ့ ဘာစီလိုနာ တောင်ပံ ကစားသမား ရာမယ်က ပေါင် သန်း ၁၅၀ နဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်း တောင်ပံ ကစားသမား ဂနာချိုကတော့ ပေါင် ၉၅ သန်းနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

ပီအက်စ်ဂျီ အသင်းကြယ်ပွင့် ဇာရီ အမ်မရီလည်း ပေါင် သန်း ၉၀ နဲ့ တတိယနေရာမှာ ရပ်တည်နေပြီး မန်စီးတီးအသင်းရဲ့ ဆာဗီယို မိုရီအာရာကတော့ ပေါင် ၈၄ သန်း သက်မှတ်ခံခဲ့ရပါတယ်။

ယခုတစ်ခေါက် တန်ဖိုးအရှိဆုံး ကစားသမား အယောက် ၂၀ စာရင်းထဲ မန်စီးတီး အသင်းကစားသမား ၂ ဉီးနဲ့အတူ မန်ယူအသင်းမှ ကစားသမား ၃ ဉီးအထိ အများဆုံး ပါဝင်နေပြီး အက်စ်တွန်ဗီလာ ကြယ်ပွင့် ဒူရမ်လည်း ပေါင် ၅၈ သန်းနဲ့ အဆင့် ၁၂ နေရာမှာ ရပ်တည်နေပါတယ်။

ရာမယ်ရဲ့ တန်ကြေးကတော့ ထိပ်ဆုံးမှ ပြေးနေသလို ဒုတိယနေရာမှ ဂနာချိုထက်လည်း တန်ကြေးများစွာ မြင့်မားနေပြီး လက်ရှိ ဈေးကွက်တန်ကြေးအရ ရာမယ်ရဲ့ ပေါင် သန်း ၁၅၀ က လက်ခံနိုင်စရာမှာ ရှိနေပြီး ဂနာချိုရဲ့ ပေါင် ၉၅ သန်း တန်ကြေးကတော့ အနည်းငယ် ကွာဟနေတာတော့ အမှန်ပါပဲ။

မန်ချက်စတာ ယူနိုက်တက် လူငယ် ကစားသမား မိုင်နူးလည်း ဒီစာရင်းမှာ ပါဝင်နေသေးပြီး အဆင့် ၉ နေရာမှာ ပေါင် ၆၂ သန်းနဲ့ ရှိနေပါတယ်။