နစ္စတယ်ရွိုင်းရဲ့ ချီးကျူးမှု၊ ဂနာချို ကိစ္စ၊ ရက်ဖို့ဒ်ကို ယုံတဲ့ တူချယ်၊ အမ်မိုရင်း အလုပ်စဖို့ နှောင့်နှေးဦးမှာနဲ့ မနချက်စတာ ယူနိုက်တက် သတင်းထူးများ
မန်ယူအသင်းကို နောက်ဆုံး ကိုင်တွယ်သွားခဲ့တဲ့ ယာယီနည်းပြ နစ်တယ်ရွိုင်းကတော့ အသင်းရဲ့ တိုက်ခိုက်လိုစိတ်ကို ကျေနပ်မိကြောင်း ချီးကျူးသွားခဲ့ပါတယ်။
မန်ယူအသင်းအတွက် လှလှပပ ဂိုးသွင်းယူပေးခဲ့တဲ့ ဂနာချို တစ်ယောက် အောင်ပွဲ မခံရခြင်းဟာ ယုံကြည်မှု ကင်းမဲ့နေတဲ့ ပရိသတ်တွေကြောင့် ဖြစ်ကြောင်း ဖာနန်ဒက်စ်က ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
မန်ယူ နည်းပြသစ် အမ်မိုရင်းဟာ တနင်္လာနေ့ အင်္ဂလန် ရောက်မှာ ဖြစ်ပေမယ့် အလုပ်လုပ်ခွင့် ပါမစ် မကျသေးတာကြေင့် အလုပ်စဖို့ နှောင့်နှေးဖွယ် ရှိပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တောင်ပံကစားသမား အာမတ် ဒီယာလိုက သူ့အနေနဲ့ ပွဲထွက်ကစားခွင့်တွေ များမာျးစားစား မရရှိရင်တောင်မှ အသင်းအတွက်ကိုတော့ အချိန်တိုင်း အကောင်းဆုံး ဖြစ်နေဖို့အတွက် ကြိုးစားနေတယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
အင်္ဂလန် နည်းပြသစ် သောမတ်စ် တူချယ် က မန်ယူအသင်းတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်နဲ့ စကားပြောဆိုမှုတွေ ပြုလုပ်ခဲ့ပြီး ရက်ရှ်ဖို့ဒ်သာ ပါဝင်ခဲ့ပါက ပြီးခဲ့တဲ့ ယူရို အဂ်လန် ဗိုလ်စွဲနိုင်ဖို့ ယုံကြည်နေပါတယ်။
မန်ချက်စတာ ယူနိုက်တက်တို့ နည်းပြ အမ်မိုရင်းကို ခေါ်ယူလိုက်တာက ပြိုင်ဘက်ကလပ်အသင်းတွေ မနာလို ဖြစ်နေလောက်ပြီ လို့ သရဲနီဟောင်းကြီး ပေါစခိုးလ် က ပြောဆိုလိုက်ပါတယ်။