ဒီနေ့ မန်ယူနည်းပြ အဖြစ် စတင် အသက်ဝင်ပေမယ့် အလုပ် လုပ်မရသေးဘဲ ဖြစ်နေတဲ့ အမ်မိုရင်း

ပေါ်တူဂီသား ရူဘင် အမ်မိုရင်း ဟာ ယနေ့တွင် ယူနိုက်တက် နည်းပြ အဖြစ် တရားဝင် ရယူလာမှာ ဖြစ်ပေမဲ့လည်း စတင် အလုပ်လုပ်နိုင်သေးမှာ မဟုတ်ပါဘူး။

အမ်မိုရင်း ဟာ ယနေ့မှာ လစ္စဘွန်းမှ မန်ချက်စတာသို့ ရောက်လာမှာ ဖြစ်ပြီး ယူနိုက်တက်နည်းပြအဖြစ် တရားဝင်စတင် ရယူလာပါမယ်။

ရုဒ်ဗန်နစ္စတယ်ရွိုင်းမှာ မနေ့ညတုန်းက လက်စတာကို ၃-၀ ဂိုးဖြင့် အနိုင်ရတဲ့ ပွဲအပြီးမှာတော့ ယာယီနည်းပြ တာဝန်ကုန်ဆုံးသွားပြီ ဖြစ်ပါတယ်။

အမ်မိုရင်း ဟာ ယနေ့ တနင်္လာနေ့မှ စတင်ကာ ယူနိုက်တက်ကို ဆက်လက် ဦးဆောင်လာတော့မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ အသက် ၃၉ နှစ်ရှိ အမ်မိုရင်း ဟာ ဗြိတိန်အလုပ်လုပ်ခွင့်ပါမစ် မရရှိသေးတာကြောင့် ယူနိုက်တက်တွင် တရားဝင် တာဝန်ထမ်းဆောင်နိုင်ဦးမှာ မဟုတ်သေးပါဘူး။

အမ်မိုရင်း အနေဖြင့် ဗြိတိန်အလုပ်လုပ်ခွင့်ပါမစ်ရရှိရေးအတွက် အချိန်များစွာ စောင့်ဆိုင်းရဖွယ်တော့ မရှိပါဘူး။ သူ့အနေဖြင့် ရက်အနည်းငယ် စောင့်ဆိုင်းရုံဖြင့် အလုပ်လုပ်ခွင့် ပါမစ်ရရှိလာဖို့ သေချာနေပါတယ်။

တဖက်တွင် ယူနိုက်တက်ကစားသမားအများစုမှာ နိုင်ငံတကာပွဲကစားရန် ထွက်ခွာသွားကြရာ အမ်မိုရင်း အနေဖြင့် ကစားသမားအနည်းစုဖြင့်သာ ယခုကာလမှာ အလုပ်လုပ်ရမှာ ဖြစ်ပါတယ်။

အမ်မိုရင်း ဟာ ယူနိုက်တက်နည်းပြအဖြစ် ပထမဆုံးပွဲအဖြစ် နိုဝင်ဘာလ ၂၄ ရက်နေ့ အစ္စဝှစ်ချ်နှင့်ပွဲအား ကြီးကြပ်လာပါမယ်။