၅သင်းလောက်က ချိတ်ခံနေရတဲ့ လာကာ၊ CL မဝင်ဘူး ဟောကိန်းထုတ်သူနဲ့ အာဆင်နယ် သတင်းများ
အာဆင်နယ်နည်းပြ အာတီတာက တိုက်စစ်မှူး မာတင်နယ်လီဟာ ဒီထက်ပိုမို အခွင့်အရေးရရှိဖို့ ထိုက်တန်သူ ဖြစ်ကြောင်း ဆိုလိုက်ပြီး မာတင်နယ်လီရဲ့ စွမ်းဆောင်ရည်ကို ကျေနပ်မိပြီး သူ့အနေနဲ့ အသင်းကို အမှန်တကယ် ကူညီနိုင်ခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။
အာဆင်နယ်အနေနဲ့ ပစ်မှတ်ထားနေတဲ့ မန်စီးတီးတိုက်စစ်မှူး စတာလင်ကို ခေါ်ယူနိုင်ဖွယ်မရှိကြောင်း သိရပါတယ်။ စတာလင်အနေနဲ့ အာဆင်နယ်ထက် စာရင် ဘာစီလိုနာကိုပြောင်းရွှေ့လိုနေတာပါ။
အာဆင်နယ်အနေနဲ့ ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်မှာဖြစ်ပြီး အဆင့် ၅ နေရာမှာသာ ရပ်တည်နိုင်မှာ ဖြစ်ကြောင်း ခရစ္စဆပ်တန်က ဟောကိန်းထုတ်လိုက်ပါတယ်။ ဒီရာသီမှာ အာဆင်နယ်အနေနဲ့ ချန်ပီယံလိဂ် ဝင်ခွင့်မရတဲ့အတွက် ဆင်ခြေ ပေးလို့မရတော့ကြောင်းလည်း ၎င်းက သတိပေးခဲ့ပါတယ်။

ပြင်သစ်လီဂူးကလပ် စိန့်အက်တီယန်ဟာ အာဆင်နယ် လူငယ်တိုက်စစ်မှူး ဘာလိုဂန်ကို ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့ပြီ ဖြစ်ပါတယ်။ အသက်၂၀ အရွယ် တိုက်စစ်မှူးဟာ အာဆင်နယ်မှာ ပွဲကစားခွင့်ရဖို့ ရုန်းကန်နေရပြီး ၎င်းအား ဇန်နဝါရီမှာ အငှားစေလွှတ်ဖွယ် ရှိနေပါတယ်။
ချဲလ်ဆီး ကစားသမားဟောင်း ကပ်စ်ကာရီနိုက နောက်ခံလူ ဘန်ဝှိုက်အနေနဲ့ လက်ရှိအချိန် အာဆင်နယ်မှာ အထိုင်ကျနေပြီဖြစ်ကြောင်း၊ ဘန်ဝှိုက်အနေနဲ့ အာဆင်နယ်ကို စတင်ရောက်ရှိချိန်က ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရစဉ် ကထက် များစွာ ကောင်းမွန်နေပြီလို့ ဆိုခဲ့ပါတယ်။
အာဆင်နယ်တိုက်စစ်မူှး လာကာဇက်ကို ခေါ်ယူဖို့အတွက် အသင်း ၅ သင်း လောက်က စောင့်ကြည့်နေကြပါတယ်။ လာမဲ့နှစ်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာမဲ့ လာကာဇက်ကို ဖီအိုရင်တီးနား၊ ဘာစီလိုနာ၊ နယူးကာဆယ်နဲ့ အက်သလက်တီကိုတို့က ခေါ်ယူဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

မန်ယူနောက်ခံလူဟောင်း ဖာဒီနန်က အာဆင်နယ် ဂိုးသမား ရမ်ဒေးလ်ဟာ လေးစားစရာကောင်းတဲ့ ခေါ်ယူမှု ဖြစ်ခဲ့ကြောင်း ချီးကျူးလိုက်ပါတယ်။
ရမ်ဒေးလ်ဟာ အသင်းနှစ်သင်း၊ ၃ သင်းခန့်နဲ့ တန်းဆင်းခဲ့ဖူးလို့ ရောက်ခါစက လူတွေက သံသယရှိခဲ့ကြောင်း၊ ဒါပေမဲ့ ၁၀ ပွဲမှာ ၆ ပွဲအထိ Clean Sheet ရယူနိုင်တာက အံ့အားသင့်ဖွယ် လက်စွမ်းမျိုးဖြစ်ကြောင်း ၎င်းက ဆိုပါတယ်။