မန်ယူအသင်း လုပ်ခဲ့တာက ပြိုင်ဘက်တွေ အကုန် ဂျေကိုက်မယ့် ကိစ္စ လို့ ပေါစခိုးလ် ဖော်ထုတ်

မန်ချက်စတာ ယူနိုက်တက် အသင်း နည်းပြ အမ်မိုရင်းကို ခေါ်ယူနိုင်လိုက်တာကြောင့် ပြိုင်ဘက်ကလပ်အသင်းတွေ မနာလို ဖြစ်နေလောက်ပြီ လို့ သရဲနီဟောင်းကြီး ပေါစခိုးလ် က ပြောဆိုလိုက်ပါတယ်။

အမ်မိုရင်းကို အရ ခေါ်နိုင်ခဲ့တာဟာ ယူနိုက်တက်က သိပ်ကောင်းမွန်တဲ့ ကိစ္စကို ကြိုတင် လုပ်ဆောင်ထားနိုင်ခြင်းလို့ စခိုးလ်က ယုံကြည်ပါတယ်။

မန်စီးတီး အပါအဝင် ထိပ်တန်း အသင်းအချို့ဟာ သူတို့အသင်း အနာဂတ်အတွက် အမ်မိုရင်းကို ချိန်ရွယ်ထားကြချိန် ယူနိုက်တက်တို့ လက်ဦးသွားတာကို ကြည့်ပြီး မနာလိုဖြစ်နေကြလိမ့်မယ်လို့ စခိုးလ်က အခုလို ဆိုပါတယ်။

” ဒီနောက်ပိုင်း ယူနိုက်တက် ခေါ်တဲ့ မန်နေဂျာတွေ၊ ကစားသမားတွေ ဆိုတာက တခြား ဘယ်သူနဲ့မှ သိပ် ယှဉ်ပြိုင်ပြီး ခေါ်ခဲ့ရတာ မရှိလှဘူး။

အထူးသဖြင့် တချို့ ကစားသမားတွေဆို ဘာစီလိုနာ၊ မန်စီးတီး၊ လီဗာပူး စတဲ့ ကလပ်အသင်းကြီးတွေက လိုက်နေတာမျိုး မဟုတ်တဲ့သူတွေပေါ့။

ရူဘန် အမ်မိုရင်း ကျတော့ အားလုံးက စောင့်ကြည့်နေကြရပြီ။ အခုဆိုရင် ပြိုင်ဘက်တွေက နည်းနည်း မနာလို ဖြစ်နေကြလောက်ပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ တချို့ တချို့တွေဆိုရင် သူ့ကို သိပ်လိုချင်ခဲ့ကြတာလေ။

ပက် သွားရင် သူ့ကို ခေါ်ဖို့ စီးတီးက စကားပြောခဲ့တယ် ဆိုတာ ကျွန်တော် သိတယ်။ ဒီတော့ သူ့ကို ဘယ်လောက် မြင့်မြင့် လူတွေက မြင်ထားလဲ သိနိုင်ပါတယ်။

ဥရောပကလပ် ၄ သင်း ၅ သင်းလောက်ကို ကျော်ပြီး သူ့ကို ခေါ်ယူနိုင်လိုက်တာ သိပ်ကို စိတ်လှုပ်ရှားဖို့ ကောင်းတယ်။ သူ ရောက်လာမှာကို မစောင့်နိုင်တော့ဘူး ” လို့ စခိုးလ်က ဆိုခဲ့တာ ဖြစ်ပါတယ်။