မန်ယူကနေ ထုတ်ခံရတာ တစ်လ မပြည့်သေးပေမယ့် ကလပ်အသင်းသစ် ရတော့မယ့် အဲရစ်တန်ဟက်
မန်ချက်စတာ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ ရက်နေ့ကပဲ နည်းပြ အဲရစ်တန်ဟက်ကို ရာထူးက ထုတ်ပယ်ခဲ့တာပါ။
နွေတုန်းကမှ သက်တမ်းတိုးထားပေမယ့် ယူနိုက်တက်ရဲ့ ရလဒ်နဲ့ ခြေစွမ်းပိုင်း ကျဆင်းနေမှုက သည်းခံနိုင်တဲ့ အတိုင်းအတာထက်တောင် ကျော်လွန်သွားတာကြောင့် ယူနိုက်တက် ဘုတ် အဖွဲ့က တန်ဟက်ကို ထုတ်ပယ်ကာ နည်းပြသစ် အမ်မိုရင်းကို ခန့်အပ်ခဲ့တာပါ။
လျော်ကြေးတွေ ပိုက်ပြီး ထွက်သွားခဲ့တဲ့ တန်ဟက်ကတော့ ယူနိုက်တက်ကနေ ရာထူးပြုတ်တာ တစ်လတောင် မကြာဘဲ ကွင်းထဲ ပြန်ခြေချကာ အသင်းသစ် ရတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

နည်းပြသစ် ခန့်အပ်ဖို့ ရှာဖွေနေတဲ့ ရိုးမားအသင်းဟာ အသင်းလက်မဲ့ဖြစ်နေသူ အဲရစ်တန်ဟတ်ကို စိတ်ဝင်စားလျက်ရှိကာ စတင်ညှိုနှိုင်းမှုတွေဟာလည်း အတော်လေးခရီးပေါက်နေပြီလို့ သိရပါတယ်။
ရိုးမားတို့ဟာ လက်ရှိမှာ ယူရိုပါလိဂ်ကစားနေရတာဖြစ်လို့၊ အသင်းရဲ့ရလဒ်တွေကိုထိန်းကြောင်းဖို့အတွက် အတွေ့အကြုံရှိနည်းပြကောင်းတစ်ဦး မဖြစ်မနေလိုအပ်နေတာပါ။
ဒါကြောင့် ရိုးမားတာဝန်ရှိသူတွေ ဈေးကွက်ထဲမှာရှာဖွေကြည့်တဲ့အခါ နည်းပြတန်ဟတ်ဟာ လက်ရှိမှာအသင့်တော်ဆုံးဖြစ်လို့ နေပြီး၊ ပုဂ္ဂိုလ်ရေးညှိုနှိုင်းမှုတချို့သာ ကျန်ရှိတော့ကာ၊ မကြာခင်မှာပဲ တန်ဟတ်ကို ရောမမြို့ရဲ့မြက်ခင်းစိမ်းပေါ်မှာ ပြန်လည်မြင်တွေ့ရဖွယ် ရှိပါတယ်။